NEWS

မလေးရှားမှ ပြစ်ဒဏ်ကျခံ ပြီးသည့် မြန်မာနိုင်ငံသား ၆၀ကျော် ပြန်ပို့ခံရ

CoverLogo
309 Views
 
မလေးရှား နိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရပြီး တဲ့ မြန်မာနိုင်ငံသား ၆၅ဦး ကို ဇန်နဝါရီ ၂၆ရက် မှာ မြန်မာနိုင်ငံသို့ လေကြောင်းဖြင့် ပြန် လည် ပို့ဆောင်ခဲ့တယ် လို့ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဂျိုဟိုး ဘာရူး ပြည်နယ် ပီကန်နာနာစ့် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၅ဦးအပါအဝင် ပြစ်ဒဏ်ကျခံ ပြီးတဲ့ နိုင်ငံခြားသား ၁၃၁ဦး ကို ကွာလာလမ်ပူ KLIA 1 နှင့် KLIA 2 အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေ အပြင် Rantau Panjang ICQS နယ်စပ်ဂိတ်တို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လိူ့ ထုတ်ပြန်ထားပါတယ်။
 
ယခု ဇန်နဝါရီလ အတွင်း မလေးရှား မှ ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာ နိုင်ငံသို့ ပြန်လည် ပို့ဆောင်တာမှာ ယခု ၆၅ဦးအပါအဝင် ပြန်ပို့ခံရတဲ့ လူဦးရေ ၂၀၀ ခန့်ရှိ ပြီ ဖြစ်ပါတယ်။
 
ပြန်လည်ပို့ဆောင်ခံရသူ အားလုံးကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စနစ်အတွင်း နာမည်ပျက်စာရင်း (Blacklist) သွင်းထားပြီး သတ်မှတ်ထားသော ကာလအတွင်း မည်သည့်အကြောင်းပြချက်နှင့်မျှ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း သိရပါတယ်။
 
အဖမ်းခံရသူ အများစု မှာ မလေးရှား နိုင်ငံ အတွင်း အထောက်အထားမဲ့ နေထိုင် အလုပ်လုပ်ကိုင် ခြင်းတို့ကြောင့် ပြစ်ဒဏ်ကျခံရတာ အများ ဆုံးဖြစ်ကာ ပြစ်ဒဏ်ကာလ ပြည့်မြောက် ပါက လည်း မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား ပြရတဲ့ အပြင် ပြန်မယ့် လေယာဉ် လက်မှတ်ခ ပါ ပေးသွင်းရတယ်လို့ သိရပါတယ်။
 
အချို့မြန်မာနိုင်ငံသားတွေ မှာ ပြစ်ဒဏ်ကျခံ ပြီးပေမယ့် မိသားစု နဲ့ အဆက်သွယ်ပြတ်တောက်နေတာကြောင့် လေယာဉ်
လက်မှတ်ဖိုး မပေးနိုင်ဖြစ်ကာ လူဝင်မှုကြီးကြပ်ရေး ထိမ်းသိမ်းရေးစခန်း တွေမှာ မိသားစု နဲ့ အဆက်သွယ် ရဖို့ စောင့်နေရသူတွေ များစွာရှိကြောင်း ကူညီပေးသူတွေထံမှ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026