NEWS

မလေးရှားနိုင်ငံကို MOU မြန်မာအလုပ်သမား စေလွှတ်မှု ယာယီရပ်ထား

CoverLogo
1.1K Views

လက်တလောမှာတော့ မလေးရှားနိုင်ငံဘက်မှ တရားဝင် နိုင်ငံခြားသား အလုပ်သမား ဝင်ရောက်မှု ပြန်လည်စိစစ်မှာ ဖြစ်တဲ့ အတွက်   ဇွန်လ ၁ရက် က စပြီး ယာယီ ပိတ်ထားတဲ့ အတွက် တရားဝင် MOU မြန်မာအလုပ်သမား စေလွှတ်မှု ယာယီရပ်ထားတယ်လို့ အေဂျင်စီအသိုင်းဝိုင်းမှ သိရပါတယ်။

"မလေးရှား ကို ကိုဗစ် နောက်ပိုင်းမှာ မြန်မာလုပ်သား ဝင်လာတာ အရမ်းများတယ် လတ်တလော  ကို အဖမ်းဆီး များ နေတာလဲ တရားမဝင် တွေ လာ နေကျတာပဲ အခု မလေးရောက် နေတဲ့ မြန်မာနိုင်ငံသား ဆို ပျှမ်းမျှ ငါးသိန်းလောက်ရှိမယ်"လို့  မလေးရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

၂၀၁၇ ခုနှစ်ဇန်နဝါရီမှ၂၀၂၄ ခုနှစ်ဧပြီ လအထိ မလေးရှားနိုင်ငံသို့  MOU မြန်မာအလုပ်သမား ၂သိန်းကျော် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း တို့  မှာ အများဆုံး လုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။

MOU နဲ့သွားရောက်ခဲ့တဲ့ အလုပ်သမားတွေဟာ စာရင်းအရ ၂၀၁၅၄၀ ဦးရေ ရှိပေမယ့် ဆေးမအောင်ခြင်း နဲ့ အခြားအကြောင်း အမျိုးမျိုးကြောင့် မလေးရှားနိုင်ငံကို မရောက်ရှိတာတွေ လဲရှိတယ်လို့ သိရပါတယ်။ ၇ နှစ်အတွင်း တရားဝင် သွားရောက် လုပ်ကိုင်သူ ၂သိန်းကျော်သာ ရှိပေမယ့်  တရားမဝင် သွားရောက်သူတွေလည်း များစွာရှိတယ်လို့ မလေးရောက်မြန်မာအလုပ်သမားတွေ ထံ က သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026