NEWS

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံနှစ်ရုံမှ တရားမဝင်မြန်မာလုပ်သား ၃၆ဦး အဖမ်းခံရ

CoverLogo
961 Views
 
မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ စက်ရုံ နှစ်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင်မြန်မာလုပ်သား ၃၆ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှား သတင်း ဌာနများ၏ ဖော်ပြချက်အရ သိရပါတယ်။
 
မေလ၈ရက်နေ့က ဂျိုဟိုးပြည်နယ် ရှိ စက်ရုံအလုပ် ရုံများကို မလေးရှား အာဏာပိုင်တွေက တရားမဝင် အလုပ်သမားများ ရှိမရှိကို ဝင်ရောက်စစ်ဆေးရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရပါတယ်။
 
အလူမီနီယံ စက်ရုံတွင် ဖမ်းဆီးခံရသူများ ထဲတွင် ပါကစ္စတန်မှ အမျိုးသား ၁၀ ဦး ၊ ဘင်္ဂလားဒေ့ရှ် မှ အမျိုးသား ၉ ဦး ၊ တရုတ်နိုင်ငံမှ အမျိုးသား ၄ ဦးနဲ့ မြန်မာနိုင်ငံမှ အမျိုးသား ၃ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
 
ပေါင်မုန့်စက်ရုံ တွင် ဖမ်းဆီးခံရသူများမှာတော့ မြန်မာနိုင်ငံမှ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၉ ဦး၊ ပါကစ္စတန်မှ အမျိုးသား ၂ ဦးနှင့် နီပေါနိုင်ငံမှ အမျိုးသား ၁ ဦးတို့ ဖြစ်တယ်လို့သိရပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများဟာ အသက်၂၀မှ ၄၆နှစ်ကြား ရှိတယ်လို့ဆိုပါတယ်။ မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသားလုပ်သားများကို စီမံချက်နဲ့ မကြာခဏ ဖမ်းဆီးမှုများပြုလုပ်ရာ တရားမဝင် မြန်မာလုပ်သားများလည်း ဖမ်းဆီးခံရမှု များတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026