NEWS

မလေးရှားတွင်ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၅၀ ကျော်ကို နေရပ်ပြန်ပို့

CoverLogo
259 Views
 
မလေးရှားနိုင်ငံ မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ ရပြီး လွတ်ရက်စေ့ မြန်မာအလုပ်သမား ၅၃ ဦးကို အောက်တိုဘာလ ၃၁ ရက်က ကွာလာလမ်ပူလေဆိပ်ကနေ တစ်ဆင့်မြန်မာနိုင်ငံ ပြန်ပို့လိုက်တယ်လို့ မလေးရှားလူဝင်မူကြီးကြပ်ရေးကထုတ်ပြန်ထားပါတယ်။
 
၎င်းမြန်မာလုပ်သားတွေဟာ ကွာလာလမ်ပူမြို့ ဘူကစ်ဂျာလီ ကန့်မှာ ထိမ်းသိမ်းခံထားရသူတွေ ဖြစ်ပြီး အများစုမှာ အထောက်အထားမပြည့်စုံဘဲ နေထိုင် အလုပ်လုပ်ကိုင်လို့ အဖမ်းခံရသူတွေ ဖြစ်ပါတယ်။
 
ပြစ်ဒဏ်က လွတ်မြောက်လာပြီးနေရပ်ပြန်ပို့ခံရသူတွေထဲမှာ မြန်မာ အမျိုးသားတွေသာမက အမျိုးသမီး တွေလည်းပါဝင်တာ တွေ့ရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာ၂၁ရက်က လည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရူး ပီကန်နာနာ့စ်လူဝင်မူကြီးကြပ်ရေးကန့်မှ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား၆၂ဦး ကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပါတယ်။
 
နေရပ်ပြန်လည်ပို့ဆောင်ခံရသူတွေကို မလေးရှား လူဝင်မူကြီးကြပ်ရေးဌာနမှာ အမည်ပျက်စာရင်းသွင်းထားပြီး ၅ နှစ်အတွင်း မလေးရှားနိုင်ငံသို့ဝင်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။
 
မလေးရှား အစိုးရအနေနဲ့ နိုင်ငံအတွင်း အထောက်အထားမပြည့်စုံဘဲ ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်တဲ့ မြန်မာအပါအဝင်နိုင်ငံခြားသားလုပ်သားတွေ ကိုစီမံချက်ဖြင့် ဖမ်းဆီးနေတာကြောင့် အထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေအနေနဲ့ အထူးသတိထား သွားလာ အလုပ်လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026