NEWS

မလေးရှားတွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကာလအတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အသွားဂရုစိုက်ရန်သတိပေး

CoverLogo
238 Views
 
မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့ မှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကာလ မှာ မလေးရှား နိုင်ငံ အတွင်း ရှိ အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အသွားအလာ ဂရုစိုက်ဖို့ Alliance of Chin Refugees ( ACR)အဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
 
၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းဝေး ( ASEAN Summit 2025)ကို အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ ကွာလာလမ်ပူမြို့မှာ ကျင်းပမှာ ဖြစ် လို့ မလေးရှား အစိုးရက ကွာလာလမ်ပူမြို့တွင်း လုံခြုံရေးအတွက် ရဲအင်အား ၁၆၀၀၀ အထိ တိုးချဲ့ ပြီး လမ်းတွေ ပိတ်ဆို့ကန့်သတ်တာတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။
 
ဒါကြောင့် မလေးရှား ရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ ကွာလာလမ်ပူ မြို့ဘက် သို့မဟုတ် မြို့အတွင်း ကို မလိုအပ်ဘဲ သွားလာခြင်းမပြုလုပ်ဖို့နဲ့သွားလာရန် လိုအပ်ပါက မိမိရဲ့လုံခြုံရေး ကို သတိထားကြဖို့ ACRမှ အထူးအကြံပြုထားပါတယ်။
 
အထောက်အထား မပြည့်စုံတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လည်း အထူးသတိထားသွားလာကြဖို့ကို လည်း တိုက်တွန်းထားပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း အထောက်အထား မပြည့်စုံတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို စီမံချက်နဲ့ ဖမ်းဆီးနေသလို နိုင်ငံသားတွေရဲ့ တိုင်ကြားမှုကြောင့် စိစစ် ဖမ်းဆီးတာတွေ ပြုလုပ်တဲ့ အတွက် အထောက်အထားမပြည့်စုံတဲ့ မြန်မာနိုင်ငံသားတွေ မကြာခဏအဖမ်းခံနေရပါတယ်။
 
အဖမ်းခံရသူတွေ ကို မလေးရှားဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရကာ ပြစ်ဒဏ် လွတ်မြောက်ပါက မြန်မာနိုင်ငံသို့ မိမိစရိတ်ဖြင့် ပြန်လည်ပို့ဆောင် ခံရပြီး ပြည်နှင်ဒဏ်ပေးခံရတယ်လို့သိရပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026