NEWS

မလေးရှားတွင် အော်ပရာစီစီမံချက်ဖြင့် ဖမ်းဆီးခံရသူ နှစ်ပတ်အတွင်း သုံးထောင်ဝန်းကျင်အထိရှိလာ

CoverLogo
1.3K Views

မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်သူများကို အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေကို  မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဆက်တိုက်ပြုလုပ်လာရာ နှစ်ပတ်အတွင်း ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားသုံးထောင်ပတ်ချာလည်အထိ ရှိလာတယ်လို့ သိရပါတယ်။

''အခုချိန်ထိ  ငါးရာ၊ တစ်ထောင် ပတ်ဝန်းကျင်လောက်တော့ရှိပြီ။ ဒါကအနီးနားပတ်ဝန်ကျင်နော်။ ကျန်တဲ့နေရာတွေမပါသေးဘူး။ နေရာအစုံဆိုရင်တော့ အနည်းဆုံး ၃ထောင်ပတ်ဝန်းကျင်တော့ရှိမယ်။ ကာဂျန်းကအဖမ်းခံရသူတွေတောင်မလွတ်သေးဘူး။ ဘလက်ကောင်းဘက်လည်း တရာကျော်ပါသွားတာ''လို့ မလေးရှားနိုင်ငံ မြန်မာလုပ်သားများကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ် ။

မလေးရှားနိုင်ငံ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) အနေနဲ့ နိုင်ငံအတွင်း၌ တရားမဝင်နေထိုင်လျက်ရှိသောနိုငိငံခြားသားလုပ်သားများကို အော်ပရာစီ စီမံချက်ဖြင့် ယခုလကစပြီး ဆက်တိုက်ဖမ်းလျက်ရှိရာ စက်ရုံတွင်း နေအိမ်တိုက်ခန်းများအတွင်းပါမချန် နေရာစုံလိုက်လံဖမ်းဆီးနေတယ်လို့  သိရပါတယ်။

အဆိုပါဖမ်းဆီးမှုများတွင် ဩဂုတ်၉ရက်ညပိုင်းကလည်း ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တရားမဝင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ကို နေအိမ်တိုက်ခန်းများအတွင်းအထိ ဝင်ရောက်ဖမ်းဆီးပြီးနောက် နေရာအစုံ၌ စက်ရုံအလုပ်ရုံများအတွင်းအထိလိုက်ခံဖမ်းဆီးရာ နေ့စဥ်ရာချီပြီး ဖမ်းဆီးခံနေရတာဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ  မလေးရှားနိုင်ငံတွင် သန့်ရှင်းရေး၊ စားသောက်ဆိုင်အကူ၊ စက်ရုံ အလုပ်ရုံများမှ အအလုပ်သမားနှင့် ဆိုင်အလုပ်သမားများဖြစ်ကြပြီး အထောက်အထားမရှိခြင်း၊ အလည်ဗီဇာသက်တမ်းကုန်နေခြင်း၊ Work Permit သက်တမ်းကုန်နေခြင်းတို့ တွေ့ရှိရကြောင်း သိရပါတယ်။

အခုလိုဖမ်းဆီးခံထားရတဲ့မြန်မာအလုပ်သမားများကို လတ်တလောမှာမလေးရှား စမုံညင်းကန့်ထဲမှာအကုန်းလုံးထားရှိထားပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခြင်းမပြုလုပ်ရန်နှင့် သက်ညှာစွာပြန်လွှတ်ပေးပါရန် မလေးရှားလဝကနှင့် ညှိနှိုင်းတောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ် ။

MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026