NEWS

မလေးရှားတွင် အော်ပရာစီစီမံချက်ဖြင့် ဖမ်းဆီးခံရသူ နှစ်ပတ်အတွင်း သုံးထောင်ဝန်းကျင်အထိရှိလာ

CoverLogo
970 Views

မလေးရှားနိုင်ငံ၌ တရားမဝင်နေထိုင်သူများကို အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုတွေကို  မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဆက်တိုက်ပြုလုပ်လာရာ နှစ်ပတ်အတွင်း ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားသုံးထောင်ပတ်ချာလည်အထိ ရှိလာတယ်လို့ သိရပါတယ်။

''အခုချိန်ထိ  ငါးရာ၊ တစ်ထောင် ပတ်ဝန်းကျင်လောက်တော့ရှိပြီ။ ဒါကအနီးနားပတ်ဝန်ကျင်နော်။ ကျန်တဲ့နေရာတွေမပါသေးဘူး။ နေရာအစုံဆိုရင်တော့ အနည်းဆုံး ၃ထောင်ပတ်ဝန်းကျင်တော့ရှိမယ်။ ကာဂျန်းကအဖမ်းခံရသူတွေတောင်မလွတ်သေးဘူး။ ဘလက်ကောင်းဘက်လည်း တရာကျော်ပါသွားတာ''လို့ မလေးရှားနိုင်ငံ မြန်မာလုပ်သားများကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ် ။

မလေးရှားနိုင်ငံ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) အနေနဲ့ နိုင်ငံအတွင်း၌ တရားမဝင်နေထိုင်လျက်ရှိသောနိုငိငံခြားသားလုပ်သားများကို အော်ပရာစီ စီမံချက်ဖြင့် ယခုလကစပြီး ဆက်တိုက်ဖမ်းလျက်ရှိရာ စက်ရုံတွင်း နေအိမ်တိုက်ခန်းများအတွင်းပါမချန် နေရာစုံလိုက်လံဖမ်းဆီးနေတယ်လို့  သိရပါတယ်။

အဆိုပါဖမ်းဆီးမှုများတွင် ဩဂုတ်၉ရက်ညပိုင်းကလည်း ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တရားမဝင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ကို နေအိမ်တိုက်ခန်းများအတွင်းအထိ ဝင်ရောက်ဖမ်းဆီးပြီးနောက် နေရာအစုံ၌ စက်ရုံအလုပ်ရုံများအတွင်းအထိလိုက်ခံဖမ်းဆီးရာ နေ့စဥ်ရာချီပြီး ဖမ်းဆီးခံနေရတာဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ  မလေးရှားနိုင်ငံတွင် သန့်ရှင်းရေး၊ စားသောက်ဆိုင်အကူ၊ စက်ရုံ အလုပ်ရုံများမှ အအလုပ်သမားနှင့် ဆိုင်အလုပ်သမားများဖြစ်ကြပြီး အထောက်အထားမရှိခြင်း၊ အလည်ဗီဇာသက်တမ်းကုန်နေခြင်း၊ Work Permit သက်တမ်းကုန်နေခြင်းတို့ တွေ့ရှိရကြောင်း သိရပါတယ်။

အခုလိုဖမ်းဆီးခံထားရတဲ့မြန်မာအလုပ်သမားများကို လတ်တလောမှာမလေးရှား စမုံညင်းကန့်ထဲမှာအကုန်းလုံးထားရှိထားပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခြင်းမပြုလုပ်ရန်နှင့် သက်ညှာစွာပြန်လွှတ်ပေးပါရန် မလေးရှားလဝကနှင့် ညှိနှိုင်းတောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ် ။

MyanmarLabourNews


Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025