NEWS

မလေးရှားတွင် အလုပ်သွင်းပေးမည်ဆိုကာ လူကိုဖမ်းဆီးပြီး မိသားစုထံ ခြိမ်းခြောက် ငွေတောင်းယူမှုများလာဟုဆို

CoverLogo
270 Views
 
မလေးရှားနိုင်ငံ ရောက် မြန်မာ အလုပ်သမားတွေကို ပွဲစား အချို့က အလုပ်သွင်းပေးမယ်ဆိုကာ လူကို ဖမ်းဆီး ပြီး မိသားစုထံ ခြိမ်းခြောက် ငွေတောင်းယူမှု တွေ များလာတယ်လို့ မလေးရှားရှိ မြန်မာလူမှုကူညီရေးအသင်းတွေထံမှ သိရပါတယ်။
 
အလုပ်အကိုင်ရှာဖွေနေတဲ့ မြန်မာလုပ်သားတွေ ကို ပွဲစားအချို့က အလုပ်သွင်းပေးမယ်ဆိုကာ ငွေကြေးလိမ်ယူပြီး လမ်းဘေးတနေရာ များတွင် ပစ်ထားခဲ့တာတွေရှိသလို လူကို ဖမ်းဆီး ခေါ်ယူပြီး မိသားစုတွေထံ ခြိမ်းခြောက် ကာ ငွေကြေးတောင်းယူတာတွေ ပါများလာတယ်လို့ သိရပါတယ်။
 
"အလုပ်ပွဲစားတွေက ဘယ်မှာ လုပ်ရမယ် ဘာညာဆိုပြီး ကားသမားနဲ့ ခေါ်ခိုင်းတယ် ကားသမားက လည်း ကိုယ့်မသိ ကိုယ်ကလည်းကားသမားကိုမသိဘူး ပွဲစားကျတော့လည်း လိုင်းပေါ်က နဲ့ ချိတ်ဆက်ပြီးသိကျတာဆိုတော့ ဘယ်သူဘယ်ဝါ ဆိုတာ မသိဘူး အဲ့တော့ အလုပ်သွင်းပေးမယ်ဆိုပြီး ပိုက်ဆံ ယူပြီး ထားခဲ့တယ် တချို့ကျတော့ ပိုက်ဆံယူရုံတင်မဟုတ်ဘူးလူကိုပါ ဖမ်း အခန်းသော့ခတ်ပြီး မြန်မာပြည်က မိသားစု ကို ခင်ဗျားသမီးကို ပိုက်ဆံ ပေးမှ လွှတ်မယ် ဆိုပြီး ငွေတောင်းတယ် မပေးခဲ့ရင်လည်း ကိုယ့်သားသမီး တစ်ခုခု ဖြစ်မှာ စိုးရိမ်လို့ ပေးကျရတယ် အခုလို ပွဲစားက လိမ်တာ တွေ မလေးရှား မှာ အများကြီးကြုံတွေ့နေရတယ်"လို့ နုလုံးလှ ပရဟိတသွေးလှူရှင်များ အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
အခုလို မလေးရောက် မြန်မာ နိုင်ငံသားတွေကို ပွဲစား တွေက အလုပ်ရှာပေးမယ်လို့ ဗန်းပြပြီး ငွေကြေး လိမ်လည် တာတွေ ပိုမို ဖြစ်လာတာဟာ မလေးရှား နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးခြင်း နဲ့ အထောက်အထားမရှိတဲ့ အလုပ်သမားတွေ ကို ဖမ်းဆီးမှု များလာခြင်းတို့ ကြောင့် ဖြစ်တယ်လို့ မလေးရှား ရောက် မြန်မာလုပ်သားတွေထံမှ သိရပါတယ်။
 
"လူကို ဖမ်းပြီး ငွေတောင်းတယ်ဆိုတာ ကျားဖြန့် လိမ်လည် နည်း တခုဘဲ အခုက မလေးရှား မှာ အလုပ်တွေက အရင်နှစ်တွေလို မကောင်းတော့ဘူး နောက်ပြီး အဖမ်းဆီးက တအားကြမ်းတဲ့ အပြင် အထောက်အထား မရှိရင် တချို့စက်ရုံ တွေ အလုပ်ရှင်တွေက လက်မခံ ချင်ဘူး အဲ့တော့ ပွဲစားတွေ လိမ်မယ့်သူတွေက အခွင့်ကောင်းယူပြီး တော့ အလုပ်လက်မဲ့ ဖြစ်နေတဲ့ လုပ်သားတွေကို လိမ်လည် ကျတာ ကိုယ့်နိုင်ငံမှာ ဒုက္ခရောက်လို့ ဒီကို ရောက်လာတာ မလေးရောက်မှ ဘ၀ပျက်မတတ် ဒုက္ခတွေ ကြုံရတဲ့သူတွေ အများကြီးပဲ"လို့ မလေးရှားတွင် ဆယ်နှစ်ကျော်ကြာနေထိုင်နေသူ မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ဒါကြောင့် မလေးရှားရောက် မြန်မာလုပ်သား တွေ အနေနဲ့ အလုပ်အကိုင်ရှာ ဖွေရာမှာ ယုံကြည်ရတဲ့ ပွဲစား တွေ၊ မိမိ ဆွေမျိုး၊မိတ်ဆွေ၊သူငယ်ချင်းစတဲ့ ကိုယ်သိတဲ့ သူတွေ ရှိတဲ့ စက်ရုံ အလုပ်ရုံ တွေနဲ့ မိမိသိရှိတဲ့ ကားသမားတွေ နဲ့သာ ချိတ်ဆက် အလုပ်ရှာ သွားလာကျဖို့ လူမှုရေးအဖွဲ့တွေက အသိပေးထားပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026