NEWS

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၂၁ ဦး ကို နေရပ် ပြန်ပို့

CoverLogo
376 Views
မလေးရှား နိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ခဲ့ပြီး တဲ့ မြန်မာနိုင်ငံသား ၂၁ဦး ကို နိုဝင်ဘာ ၁၇ ရက်က မြန်မာ နိုင်ငံဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့တယ်လို့ မလေးရှားလူဝင်မူကြီးကြပ်ရေးဌာနကထုတ်ပြန်ထားပါတယ်။
 
နိုဝင်ဘာ ဒုတိယ အပတ် မှာ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာအပါအဝင် နိုင်ငံခြားသား ၃၃၁ ဦးကို မူရင်းနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
မိခင် နိုင်ငံ သို့ ပြန်ပို့ခံရတဲ့ ၃၃၁ ဦး တွင် မြန်မာနိုင်ငံသား ၂၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၉၂ ဦး၊ ပါကစ္စတန်နိုင်ငံသား ၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၅ ဦးနှင့် လာအိုနိုင်ငံသား ၄ ဦး တို့ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ပြီးခဲ့ တဲ့ အောက်တိုဘာ လ မှာလည်း ပြစ်ဒဏ်ကျခံ ပြီး တဲ့ မြန်မာ နိုင်ငံသား ၆၂ဦး ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
 
နေရပ်ပြန်လည်ပို့ဆောင်ခံရသူတွေဟာ မလေးရှား လူဝင်မူကြီးကြပ်ရေးဌာနမှာ အမည်ပျက်စာရင်းသွင်းထားပြီး ၅ နှစ်အတွင်း မလေးရှားနိုင်ငံသို့ဝင်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။
 
မလေးရှားနိုင်ငံ အတွင်း က အကျဉ်းထောင် များ မှာ အထောက်အထားမရှိဘဲ နိုင်ငံ အတွင်း ဝင်ရောက်နေထိုင်မှုကြောင့် အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေ များစွာ ရှိနေပြီး ပြစ်ဒဏ်ကျခံ ပြီးပေမယ့် မြန်မာနိုင်ငံသို့ ပြန်ရန် နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားစာရွက်စာတမ်း တွေ စောင့်နေရသူတွေလည်း များစွာရှိနေတယ်လို့ မြန်မာလုပ်သားအရေးကူညီပေးနေသူတွေထံမှ သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026