NEWS

မလေးရှားကို တရားမဝင်သွားရောက်တဲ့မြန်မာအလုပ်သမားတွေကို ပွဲစားတွေငွေကြေးထပ်မံလိမ်လည်တာကြောင့် ပိုမိုဒုက္ခရောက်နေရ

CoverLogo
623 Views

မလေးရှား ကို တရားမဝင် အောက်လမ်း က လာတဲ့ သူတွေ ကို ပွဲစားတွေ က ငွေကြေး လိမ်လာ တာတွေ ကြောင့် မြန်မာအလုပ်သမား တွေ ဒုက္ခရောက်နေရတယ်လို့  မြန်မာလူမူကူညီရေးအဖွဲ့တွေ ထံ က သိရပါတယ်။

မလေးရှား  နိုင်ငံ အနေနဲ့ တရားဝင် နိုင်ငံ ခြားသား လုပ်သား ခေါ်ယူမှု ကို ဇွန်လ ၁ ရက် စပြီး ယာယီ ရပ်နားထားတဲ့ အတွက်  မလေးရှား ကို တရားမဝင် အောက်လမ်းကနေ သွားရောက် အလုပ် လုပ်သူတွေ များလာတာဖြစ်ပါတယ်။

"တရားဝင်ကောလင်းက လည်းပိတ်ထားတယ် ပြည်တွင်း မှာ အခက်ခဲတွေကြောင့် နေမရတော့လို့ မလေး ကို အောက်လမ်းကနေ လာကြတယ် အခုဘယ်လိုတွေ ဖြစ်တယ်ဆိုတော့ ပွဲစားတွေ ကို မြန်မာပြည်ဘက်မှာလည်း ပိုက်ဆံ ပေးခဲ့ရတယ် မလေးဘက် ရောက်တော့ ဒီဘက်ကလည်း တောင်းတယ် အဲ့တော့ မြန်မာပြည်ဘက်ကပွဲစားကိုပေးထားတယ် အဲ့ပွဲစားဆီ ဖုန်းဆက်တော့ ဖုန်းပိတ်ထားတာတွေ ခေါ်မရတာတွေ ဖြစ် အဲ့တော့ ဒီဘက်က ခေါ်ပေးတယ့်သူ တွေ က လည်း မပေးရင် ရောင်းစားမယ်လိုဘာလိုလို တွေ ဆိုတော့ မြန်မာနိုင်ငံ ကနေ မရှိရှိတာ အိမ်ပေါင်ပြီး ပေးရတာတွေ ပိုက်ဆံရှာပြီးပေးရ နဲ့ ဒုက္ခရောက်ပါတယ်ဆို မှ တကယ့်ဒုက္ခရောက်အောင် လုပ်နေကျတယ် ဒါကြောင့် အဲ့လို မဖြစ်ရအောင် မဖြစ်မနေမို့  မြန်မာပြည်ကနေ မလေးရှားကို အောက်လမ်းကနေ လာမယ်ဆိုရင်မြန်မာပြည်မှာ တပြားတချက်မှ ပေးစရာမလိုဘူး ဒီဘက်ရောက်မှ ကျသင့်ငွေပေးရတယ် ဆိုတာသိရမယ်၊အခုကနေ့ရှိသ၍အလိမ်ခံနေရတယ် "လို့ နုလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ (ကွာလာလမ်ပူ-မလေးရှား) ဥက္ကဌကိုသက် မှ အသင်းလူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါတယ်။

ဒါ့အပြင် တရားမဝင် အလုပ်လုပ်ကိုင်သူတွေ ကို အလုပ်ရှာဖွေရာမှာ လည်း ပွဲစား တွေက အလုပ်ရမည်ဆိုကာ ပွဲစားခလိမ်လည်တောင်းယူခြင်းများ လုပ်ခလစာခေါင်းပုံဖြတ်ခံရခြင်းနဲ့ အလုပ်သမားအခွင့်အရေး ဆုံးရှုံးတာတွေ ဖြစ်နေတယ်လို့ မလေးရောက်မြန်မာအလုပ်သမားတွေထံကသိရပါတယ်။

''အလုပ်ရမယ် ဆိုပြီး ပွဲစား က ပိုက်ဆံယူပြီး အလုပ်မရှာပေးတာတွေ လမ်းမှာ ပစ်ထားခဲ့တာတွေ အလုပ်ရပြန်တော့လဲ တန်ရာတန်ကြေးမရဘူး တချို့ လုပ်ခ အကုန်မပေးတာတွေ တော်တော်များများ ခံရတယ် တရားမဝင်လာမယ်ဆိုရင် ဒီဘက်မှာ ဆွေမျိုးသားချင်း အရင်းအချာရှိ မှ ကိုယ့်အတွက် အဆင်ပြေမှာ ဒါတောင် အော်ပရာဇီ ဖမ်းတာ က နေရာအစုံ ဖမ်းနေတာ သတိထားပြီး နေရတဲ့ အချိန် ဖြစ်နိုင်ရင်တော့ တရားမဝင် မလာစေချင်ဘူး"လို့  မလေးရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

လက်ရှိ တွင် မလေးရှား နိုင်ငံ အတွင်း အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို စီမံချက် နဲ့ ဖမ်းဆီးမှု များ ပြုလုပ်ရာ နေ့စဉ် ဖမ်းဆီးခံရတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား ရာနဲ့ချီရှိတယ်လို့ သိရပါတယ်။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026