NEWS

မလေးရှား နိုင်ငံကို သွားရောက်အလုပ်မယ့် မြန်မာအလုပ်သမား ၈၀ ကျော် ထိုင်းနိုင်ငံမှာ အဖမ်းခံရ

CoverLogo
830 Views
 
မလေးရှား နိုင်ငံ ကို သွားရောက် အလုပ် လုပ် လုပ်ကိုင်ဖို့ အတွက် ထိုင်းနိုင်ငံ အတွင်း တရားမဝင် ဖြတ်ကျော် ဝင်ရောက် ခဲ့တဲ့ မြန်မာအလုပ်သမား ၈၀ကျော်ကို ဇူလိုင်၂၃ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
အဆိုပါ မြန်မာအလုပ်သမား ၈၀ကျော်ဟာ ထိုင်းနိုင်ငံ ဘက်ချ်ဘူရီခရိုင် ထောယမ်းမြို့နယ် နွန်တာချောင်ကျေးရွာရှိ နေအိမ် တစ်အိမ်၏ အနောက်ဘက် ရှိ တောထဲ တွင် အုပ်စုလိုက်နေထိုင်နေကျတယ်လို့ သတင်းပေးတိုင်ကြားလာတဲ့ အတွက်
ထိုင်းအာဏာပိုင်တွေက သွားရောက်စစ်ဆေးစဉ်မှာ အဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။
 
အဖမ်းခံရတဲ့ မြန်မာအလုပ်သမား ၈၅ဦး မှာ အမျိုးသား၇၃ဦး၊ အမျိုးသမီး ၉ဦးနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၂ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
 
၎င်း မြန်မာအလုပ်သမား တွေဟာ ထိုင်းနိုင်ငံ ကို မြဝတီ မဲဆောက်ကနေ တစ်ဆင့် ဝင်ရောက်လာတယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံမှ တစ်ဆင့် မလေးရှားနိုင်ငံကို အလုပ် သွားရောက် လုပ်ကိုင် ဖို့ အတွက် ပွဲစားတွေ ကို အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ် ၅၀၀၀၀ မှ ၆၀၀၀၀ ကြား ပေးခဲ့ရတယ်လို့ သိရပါတယ်။
 
၎င်းတို့ကို ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် အမှုဖွင့် စွဲချက်တင်မည်ဖြစ်ပြီး ကလေးငယ်များ ကို လူငယ်စောင့်ရှောက်ရေးစင်တာကိုပို့ဆောင်သွားမယ်လို့ သိရပါတယ်။
 
လက်ရှိမှာ မလေးရှား နိုင်ငံ အနေနဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သား တွေ ကို တရားဝင် ခေါ်ယူမှုကို ပြီးခဲ့တဲ့ဇွန်လ၁ရက်က စပြီးယာယီ ပိတ်ထားတဲ့ အတွက် မြန်မာနိုင်ငံ မှ ပွဲစား တွေ အနေနဲ့ မလေးရှား နိုင်ငံ ကို အလည်ဗီဇာ နဲ့ လည်းကောင်း ထိိုင်းနိုင်ငံမှ တစ်ဆင့် လည်းကောင်း တရားမဝင်ပို့ဆောင်တာတွေ ရှိနေတဲ့ အတွက် အခုလို ဖမ်းဆီးခံရတာတွေ မကြာခဏ ဖြစ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026