NEWS

မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့

CoverLogo
360 Views

မလေးရှား နိူင်ငံ မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ နေရပ်ပြန်ရန် စောင့်နေသူတွေထဲမှ ယခုဇွန်လ အတွင်း မှာ မြန်မာနိုင်ငံသား ၈၀၀ နီးပါးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံ(ကွာလာလမ်ပူမြို့)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 


မြန်မာသံရုံးအနေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေရဲ့ အမည်စာရင်း  နေ့ရက် နဲ့ လေယာဉ်ချိန်တွေကို သံရုံး Face book စာမျက်နှာကနေ  ဇွန်လ ၄ ရက်မှစပြီး ထုတ်ပြန်ကြေညာပေးမယ်လို့ အသိပေးလာပါတယ်။ 


အခုလို ထုတ်ပြန်ပြီးနောက် ဇွန်လ ၉ ရက်တွင် Bidar Campနဲ့Bukit Jalil Camp တို့မှ မြန်မာနိုင်ငံသား ၇၁ဦး၊ဇွန်လ ၁၀ရက်တွင် Belantik Campမှ မြန်မာနိုင်ငံသား ၅၀ဦး၊ ဇွန်လ ၁၁ရက်တွင် Kemayan Camp မှ ၈၅ဦး၊ဇွန်လ ၁၂ရက်တွင် lenggeng Camp မှ ၅၈ဦး၊ဇွန်လ ၁၇ရက် တွင် Tanah Merah Camp မှ ၈၀ဦး၊ဇွန်လ ၁၈ရက်တွင် Ajil,Beranang,KLIA Camp တို့မှ ၆၆ဦး၊ဇွန်လ ၁၉ရက်တွင် Langkap Camp ၆၀ဦး၊ဇွန်လ ၂၀ရက်တွင်Pekan Nenas Camp မှ ၁၁၀ဦးတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။ 


ထပ်မံပြီး ဇွန်လ ၂၃ရက် တွင် Tanah Merah,Perlis,Melaka Camp တို့မှ မြန်မာနိုင်ငံသား ၁၃၁ဦးနဲ့ ဇွန်လ ၂၄ရက် မှာ Belantik Camp မှ မြန်မာနိုင်ငံသား ၇၆ဦးတို့ကို  မြန်မာနိုင်ငံသို့ လေကြောင်းဖြင့်ပြန်လည်ပို့ဆောင်ပေးမယ်လို့ မြန်မာသံရုံးမှ အသိပေးကြေညာထားပါတယ်။ 


အခုလို မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ်ခ ကုန်ကျစရိတ်ကို ဖမ်းဆီးခံရသူများရဲ့ ကိုယ်ပိုင်စုဆောင်းငွေသို့မဟုတ် မိသားစုဝင်တွေရဲ့ ထောက်ပံ့ငွေ ဖြင့်ကျခံရပြီး အချို့ကိစ္စရပ်တွေကိုတော့ သံရုံးဘက်မှ ဖြေရှင်းပေးတာမျိုးရှိကြောင်းသိရပါတယ်။ 


နေရပ်ပြန်လည်ပို့ဆောင်ခံရသူတွေအားလုံးဟာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနစနစ် တွင် အမည်ပျက်စာရင်း(Blacklist)သွင်းထားမှာဖြစ်ပြီး သတ်မှကာလ အတွင်း မည်သည်အကြောင်းပြချက်နှင့်မျှ မလေးရှား နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 


ပြစ်ဒဏ်ကျခံရသူ အများစုမှာ မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ ဝင်ရောက် နေထိုင် အလုပ်လုပ်ကိုင်ခြင်းကြောင့် ဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့အခြား ပြစ်မှုကျူးလွန် ခြင်းတို့လည်း ပါဝင်တယ်လို့သိရပါတယ်။ 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026