NEWS

မလေးရောက် မြန်မာလုပ်သားများ အဖမ်းစီးနည်းသည့် လုပ်ငန်းများအား ရွေးချယ် အလုပ် လုပ်

CoverLogo
523 Views
 
မလေးရှားနိင်ငံ ရောက် အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေ လစာရငွေ ရရှိတာထက် အဖမ်းဆီးနည်းတဲ့ အလုပ်နေရာတွေကိုပဲ အဓိက ရွေးချယ် လုပ်ကိုင် နေကြတယ်လို့ သိရပါတယ်။ အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သားတွေကို စစ်ဆေးဖမ်းဆီးတာတွေ မလေးရှား အစိုးရ အနေနဲ့ နေ့စဉ် ပြုလုပ်နေလို့ အထောက်ထားမပြည့်စုံတဲ့ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရမှု တွေ ရှိနေပါတယ်။
 
"အခုက လုပ်ငန်းကျွမ်းကျင်တဲ့ အိုသမားတွေက လစာ ကောင်းတာထက် အဖမ်းဆီးနည်းတဲ့ နေရာ က အလုပ်ကို ရှာကြတယ်။ ဒီအလုပ်မှာ တစ်လ ၁၅၀၀ရင်းဂစ် ပေးတယ်ဆို တခြားနေရာ က ၁၂၀၀ရင်းဂစ် ပေးတယ်၊ လစာပေးတာနည်းတယ်ဆိုပေမယ့် နေရာက လုံခြုံတယ် ဆိုရင် သည်းခံပြီး လုပ်ကြတာပဲ။ ရသလောက် ကို သေချာ စိစစ်သုံးစွဲပြီး မြန်မာပြည်လည်း ပြန်ပို ရတယ်""လို မလေးရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
မြန်မာအလုပ်သမားတွေ ဟာ နိုင်ငံခြားသားလုပ်သား အများစု နေထိုင်ရာ နေရာတွေ၊ လုပ်ငန်းတွေနဲ့ မကြာခဏ အဖမ်းဆီးများတဲ့ နေရာတွေ အလုပ်တွေကို ရှောင်လာကြတာလို့ ပြောပါတယ်။ ဒါ့အပြင် အဖမ်းအဆီး များတဲ့အတွက် အထောက်အထားမဲ့ မြန်မာလုပ်သားတွေ လုပ်ငန်း ခွင် ကို ပုံမှန် မဝင်ရောက် နိုင်တာတွေ လည်းရှိတယ်လို သိရပါတယ်။
 
" ကိုယ်အလုပ်သွားမယ့်နေရာမှာ အဖမ်းဆီးတွေ လုပ်နေရင် အဲ့နေ့ အလုပ် မသွားရဘူး။ လုပ်အားခ မရဘူး။ တချိုလတွေ ဆို အလုပ်ဆင်းရက် ၁၀ရက်လောက်ပဲ ရှိတယ် ။ အဖမ်းဆီး ကြောက်လို မသွားရတာ။ အခုလို ခက်ခဲပေမယ့် ကိုယ့်နိုင်ငံ မငြိမ်းချမ်းတော့ ပြန်မရဘူး။ တကယ်လို ဖမ်းမိရင် လည်း ပြည်တွင်း ပြန်ပိုခံရမယ်။ ပြီးရင် စစ်မှုထမ်းဖို အတင်းအဓမ္မ လုပ်ခိုင်းမှာဆိုတော့ ဒီမှာ ရသလောက်နဲ့ အဆင်ပြေအောင် နေကျရတာပဲ''လို မလေးရှားရောက် မြန်မာလုပ်သား တစ်ဦးက ပြောပါတယ်။
 
တရားဝင် လာရောက် လုပ်ကိုင်တဲ့ မြန်မာလုပ်သားတွေ အနေနဲ့ မလေးရှားအစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံးလစာ တစ်ရက် ၈နာရီ အတွက် လစာ ရင်းဂစ် ၁၅၀၀ ရရှိကျပြီး လုပ်ငန်းကျွမ်းကျင်မှု အရ လစာ ပိုရတာတွေလည်း သိရပါတယ်။

Related posts

Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026