NEWS

မန္တလေးက JLPT စာမေးပွဲ ရန်ကုန်တွင် ဖြေဆိုရမည်

CoverLogo
816 Views
 
မန္တလေးစာဖြေဌာနမှာ ကျင်းပမဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (JLPT) စာမေးပွဲကို ရန်ကုန်မှာ ပြောင်းလဲပြုလုပ်သွားမယ်လို့ JLPT စာမေးပွဲကျင်းပရေး ကော်မတီ ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်လိုက်ပါတယ်။ မတ်လ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် JLPT စာမေးပွဲကျင်းပမဲ့ တက္ကသိုလ်၊ ကျောင်းတွေမှာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့လို့ အခုလို နေရာပြောင်းရွှေ့ ကျင်းပတာလို့ သိရပါတယ်။
 
ငလျင်ဒဏ်သင့် အဆောက်အဦတွေ ပြန်လည်စစ်ဆေးတာနဲ့ ပြင်ဆင်တောတွေက အချိန်ကြာမြင့်မှာ ဖြစ်လို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပပြုလုပ်မဲ့ စာမေးပွဲကို ရန်ကုန်စာဖြေဌာနကို ပြောင်းရွှေ့ ဖြေဆိုဖို စီစဉ်သွားမှာ ဖြစ်တယ်လို သိရပါတယ်။ ရန်ကုန်မြိုမှာ Level အားလုံး ဖြေဆိုသွားရမယ်လို့လည်း ဆိုပါတယ်။
 
“ အချိန် နှစ်လကျန် ပါသေးတယ်ဗျာ။ မန္တလေးမှာ အခြားနေရာတွေရှိ ပါတယ်။ တစ်နေရာရာ မှာ ပြုလုပ်စေချင်တယ်။ ရန်ကုန်သွားမဖြေနိုင်လို မန္တလေးကို လျှောက်တာ။ ရန်ကုန်ကို သွားဖို တည်ခိုဖို့ ဆိုတာတွေ ရှိသေးတယ်။ လမ်းမှာလည်း အန္တရာယ်ရှိ တယ်။ မန္တလေးကအခြားသင်တန်းကျောင်း တစ်ခုခုမှာ ငှားပြီးကျင်းပပေးစေချင်ပါတယ်။ စရိတ်တွေမတတ်နိုင်တာနဲ့တင် စာမေးပွဲကို မဖြေဘဲ နေကြလိမ့်မယ် ထင်ပါတယ်”လို ဖြေဆိုမဲ့သူတစ်ဦးက ပြောပါတယ်။
 
မန္တလေးစာဖြေဌာနမှာ လျှောက်ထားသူတွေအနေနဲ့ ရန်ကုန်စာဖြေဌာနမှာ ပြောင်းရွှေ့ ဖြေဆိုလိုခြင်း မရှိပါက စာမေးပွဲလျှောက်ထားမှုပယ်ဖျက်(Cancel)ပြီး စာမေးပွဲကြေး ပြန်လည် ထုတ်ယူဖို့ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ စာမေးပွဲလျှောက်ထားမှုအား ပယ်ဖျက်လိုသူတွေက ၂၀၂၅ ဧပြီလ ၂၅ ရက် ကနေ မေလ ၁၂ ရက် (ညနေ ၄ နာရီ) အတွင်း Google Form မှာ စာရင်းပေးသွင်း ရမယ်လို့ ထုတ်ပြန်ထားပြီး စာမေးပွဲကြေး ပြန်လည် လွှဲပေးသွားမည့် ရက်ကို ကြေညာပေးမယ် လည်း ဖော်ပြထားပါတယ်။
 
၂၀၂၅ ဧပြီလ ၂၅ ရက်နေ့ မွ ၂၀၂၅ မေလ ၁၂ ရက်နေ့ (ညေန ၄ နာရီ) အတွင်း Google Form တွင် စာရင်းပေးသွင်းထားခြင်းမရှိပါက ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမဲ့ စာဖြေသူများအဖြစ် စာရင်းသွင်းသတ်မှတ်သွားမှာဖြစ်တယ်လိုလည်း သိရပါတယ်။
Photo-မင်္ဂလာမန္တလေးအတွင်း JLPT form အတွက် စောင့်ဆိုင်းနေစဉ်

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026