NEWS

မတ္တရာမြို့နယ်၊ ကင်းရွာက ပြည်သူ ၅၀၀၀ ခန့် စစ်ဘေး တိမ်းရှောင်နေရ

CoverLogo
2.6K Views

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာက ပြည်သူ ၅၀၀၀ခန့် စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်တွေက ကင်းကျေးရွာကို မီးရှို့မယ်လို့ သတင်းထွက် နေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်နိုင်မယ့် နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


မတ္တရာနယ်ခံတစ်ဦးက"လောလောဆယ်တော့ ပြေးနေကြရတယ်၊ ဘေးပတ်ပတ်လည်က ရွာတွေကလည်း တောတွေမှာ ပြောင်ရွှေ့နေထိုင်နေကြရတာ"လို့ ပြောပါတယ် ။


ကင်းကျေးရွာမှာ အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး လူဦးရေ ငါးထောင်ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။
ကင်းကျေးရွာမှာ ဧပြီလ ၃ရက်နေ့ မနက်ပိုင်းက ပျူစောထီးခေါင်းဆောင်လို့ နာမည်ကျော်နေတဲ့ ဘုန်းကြီးတပါးကို အမည်မသိသူတွေရဲ့ အသတ်ခံခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးရောက်ရှိလာတယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကောင်စီတပ်သားတွေကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ အတွက် ကျေးရွာကို မီးရှို့မယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကြိမ်းမောင်းနေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။
 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026