NEWS

ဘေးတွဲဆိုင်ကယ်မောင်းသူများ ဆိုင်ကယ်ဦးထုပ် မဆောင်းပါက ဖားခုန်၊ ဒိုက်ထိုးခိုင်းစေမှု စစ်တပ်လုပ်ဆောင်

CoverLogo
737 Views

ရွှေပြည်သာမြို့နယ်တွင်းမှာ ဘေးတွဲဆိုင်ကယ်မောင်းသူတွေကို ဆိုင်ကယ်စီးဦးထုပ် မဆောင်းပါက စစ်တပ်က ဖားခုန်တာ၊ ဒိုက်ထိုးတာစတာတွေကို လုပ်ဆောင်ခိုင်းတယ်လို့ ကယ်ရီသမားတွေကပြောပါတယ်။

လက်ရှိမှာ လူစည်ကားရာ နေရာတွေဖြစ်တဲ့သုံးထိပ်လမ်းဆုံ၊ထန်းခြောက်ပင်လမ်းဆုံ၊ သံဒင်းဈေးလမ်းဆုံအစရှိတဲ့လူစည်ကားရာလမ်းဆုံလမ်ခွတွေမှာကယ်ရီမောင်းသူတွေကိုစ်ဆေးနေတာတွေကိုအလှည့်ကြလုပ်ဆောင်နေပါတယ်။

"ကျွန်တော်သူငယ်ချင်းတစ်ယောက်ကို သုံးထိပ်မှာ ဦးထုပ်မဆောင်းလို့ဆိုပြီး လူမြင်ကွင်းမှာ ဖားခုန်ခိုင်းတယ်။ စိတ်တော်တော်အဆင်မပြေဘူး။ လိုအပ်လို့ဆောင်းရမယ်ဆိုတောင်ပညာပေးတာအရင်လုပ်ပေး။နောက်ဦးထုပ်ဈေးကမနည်းဘူး။ ဒီကာလကြီးလုပ်ချင်တိုင်းလုပ်နေတာအဆင်မပြေဘူး"လို့ဘေးတွဲကယ်ရီမောင်းသမားတစ်ဦးကပြောပါတယ်။

လက်ရှိမှာဘေးတွဲကယ်ရီမောင်းသူအရေအတွက်ဟာအရင်ကထက်များလာပြီးခရီးသည်ရရှိနှုန်းနည်းလာတယ်လို့သိရပါတယ်။
"အခုကအဝေးလည်းမလိုက်ရဲဘူး။ အသိထဲကိုဆိုင်ကယ် အလုခံရတာနှစ်စီးလောက်ရှိပြီ။ ဂိတ်ထိုးတာကလည်း အစီးရေများပြီး အလုပ်မဖြစ်ဘူး။ အခုလူတွေကလည်းကြပ်တည်းတော့ အရင်လောက်မစီးတော့ဘူး။ ပြောမယ်ဆို ဆိုင်ကယ်ပြင်ဆင်စရိတ်တွေကလည်း မြင့် ကုန်ဈေးနှုန်းကလည်း တတ်နေတော့ တကယ်ကို ကျားကန်နေရတာ။ အဲဒါကို ဟိုဟာလုပ်ဒီဟာလုပ်နဲ့ နည်းမျိုးစုံကြပါနေတာ"လို့ကယ်ရီသမားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ ဘေးတွဲကယ်ရီသမားတွေကို မြို့နယ်အလိုက် မူဝါဒတွေမကြာခဏသတ်မှတ်နေပြီး ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026