ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမှ တစ်ဆင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ် ဖြတ်ကျော်လာတဲ့ မြန်မာအလုပ်သမား ၅၀ကျော်ကို ထိုင်းအာဏာပိုင် များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွေ ရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
အဆိုပါ မြန်မာ အလုပ်သမားတွေကို ဇွန်လ ၁၇ရက် ညနေ ၆နာရီက ကန်ကျနဘူရီခရိုင် စံခလဘူရီမြို့ နောင်လူကျေးရွာအုပ်စု ၈ ပါစောင်ကရိ တောစပ်အနီးနား တွင် စစ်ဆေးရေးဂိတ်တစ်ခု ကိုရှောင်ရန် အတွက် အုပ်စုလိုက် လမ်းလျှောက်လာစဉ် ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူများတွင် ကလေးငယ်၃ဦး အပါအဝင် မြန်မာအလုပ်သမား အမျိုးသား ၊ အမျိုးသမီး စုစုပေါင်း ၅၆ဦး အဖမ်းခံရတယ်လို့ သိရပါတယ်။
စကားပြန်၏ပြောပြချက်အရ ယင်းအလုပ်သမားများ မှာ ဘုရားသုံးဆူမှတဆင့် ဝင်ရောက်လာကြတာဖြစ်ပြီး
ခရီးစဉ်အတွက် ဘတ် ၁၆၀၀၀ ခန့်ပေးခဲ့ရတယ် လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ဖမ်းဆီးမိသူအားလုံးကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ဖူထောစံခလဘူရီ ရဲစခန်းသို့ ပို့ဆောင်မှာဖြစ်ကြောင်း သိရှိရပါတယ်။