NEWS

ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်

CoverLogo
300 Views
 
 
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုတွင် ကိုရီးယားဘာသာစကားသင်တန်း ဖွင့်လှစ်ထားပြီး မြန်မာအမျိုးသမီးများအား Blind Date ပြုလုပ်ပေးနေတဲ့ တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း)ကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်၁၅နှစ် ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရပါတယ်။
 
အမှုဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ မကျော့ကေခိုင်သည် ၎င်းနှင့်ခင်မင်ရင်းနှီးတဲ့ မော်ဒယ်သင်တန်းတက်ရောက်နေသူ မြန်မာအမျိုးသမီးတစ်ဦး ကို ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုတွင် ကိုရီးယားဘာသာစကားသင်တန်း ဖွင့်လှစ်ထားပြီး မြန်မာအမျိုးသမီးများအား Blind Date ပြုလုပ်ပေးနေတဲ့ တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) နှင့် မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။
 
၎င်း Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) က တောင်ကိုရီးယားနိုင်ငံသားနဲ့ လက်ထပ်ပေါင်းသင်းမည်ဆိုပါက ထိုက်ထိုက်တန်တန် တင်တောင်းငွေပေးမည်၊ တစ်လလျှင် အိမ်ထောင် စရိတ်အဖြစ် ငွေကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထိပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ပြီး ၎င်းကိုရီးယားဘာသာစကားသင်တန်းတွင် အလုပ် လုပ်ကိုင်နေသည့် နိုဇင်မိုး (ခ) စုဂျင်းက ဘာသာပြန်ပေးခဲ့တယ်လို့ဆိုပါတယ်။
 
ထို့နောက် မြန်မာအမျိုးသမီး ကို တောင်ကိုရီးယားနိုင်ငံသား Mr. Bang Gyeong Cheol နဲ့ တွေ့ဆုံပေးခဲ့ပြီး ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ပန်းခြံတို့တွင် မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံရိုက်ကူးပေးခဲ့ကြောင်း၊ Mr. Bang Gyeong Cheol က ၎င်းအမျိုးသမီးနှင့် သုံးရက်ခန့်သာ ပေါင်းသင်းနေထိုင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသို့ ပြန်သွားခဲ့သဖြင့် Online မှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ရာတွင် Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) ထံ ငွေကျပ်သိန်း ၆၀၀ ခန့်ပေးခဲ့ကြောင်း Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) က ပေါင်းသင်းခဲ့တဲ့ မြန်မာအမျိုးသမီးကို ငွေကျပ် သိန်း ၂၀ သာပေးခဲ့တယ်လို့ သိရပါတယ်။
 
ထို့ကြောင့် တောင်ကိုရီးယားနိုင်ငံသားနဲ့ လက်ထပ်ပေါင်းသင်းစေပြီး ရရှိတဲ့ ငွေကြေးအကျိုးအမြတ်တွေကို ခေါင်းပုံဖြတ်ရယူခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း)၊ မကျော့ကေခိုင်နှင့် နိုဇင်မိုး(ခ)စုဂျင်းတို့ကို အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)က တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ကမာရွတ်မြို့မ ရဲစခန်း (ပ) ၁၈၃/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး မတ် ၁၃ ရက်တွင် ကမာရွတ်ခရိုင်တရားရုံးမှ တရားခံတောင်ကိုရီးယား နိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန်၊ တရားခံ ကျော့ကေခိုင်နှင့် နိုဇင်မိုး (ခ) စုဂျင်းတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026