NEWS

ဘန်ကောက်သွား မြန်မာနိုင်ငံသား ၄၄ဦး ဖမ်းဆီးခံရ

CoverLogo
407 Views
 
ထိုင်း-မြန်မာ နယ်စပ်၊ ဖေ့ာဖရာမြိုနယ်မှာ ဘန်ကောက်မြို့ကို သွားရောက်မဲ့ မြန်မာနိုင်ငံသား ၄၄ဦး ကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံသားတွေဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
မေလ ၂၀ရက် မနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်မှာ ထိုင်းRajamanu အထူးတပ်ဖွဲ့ ကင်းလှည့်နေစဉ် မြန်မာနိုင်ငံသား အမျိုးသား၂၆ဦး၊အမျိုးသမီး ၁၀ဦး နဲ့ အဖော်လိုက်လာသူ ၈ဦး စုစုပေါင်း ၄၄ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံသားတွေဟာ ဘန်ကောက်မြို့ အနီးတစ်ဝိုက်မှာ အလုပ် လုပ်ဖို့ နယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာတာ ဖြစ်ပြီး တရားမဝင် ဝင်ရောက်နိုင်ဖို့ တစ်ဦး ဘတ်၂၀၀၀၀ကျော် ပွဲစားဖြစ်သူကို ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် နီးပါး ဖမ်းဆီးခံနေရပြီး မေလ ၁၈ ရက်နေ့လည်ပိုင်းကလည်း မြန်မာ လူငယ် ၉ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
Ref-The Reporters

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026