NEWS

ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာလုပ်သား ၃၀ ကျော် လုပ်အားခမရ လို့ အလုပ်ရှင်ကို တိုင်ကြား

CoverLogo
491 Views
 
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုနယ်၊ စီကိုဝပ် (38)မှာ ရှိ တဲ့ ဆောက်လုပ်ရေးတိုက်တစ်ခုမှာ ဆေးသုတ်နေကြတဲ့ မြန်မာလုပ်သား ၃၀ ကျော်မှာ မိမိတို့ရရှိရမယ့် လုပ်အားခ ကို လုပ်ငန်းရှင်သူဌေး မှ မပေးတဲ့ အတွက် မြို့နယ်ရှိ ဆဝါဒိကန်ရုံးနှင့် ကျဟာငန် ရုံးသို့ သွားရောက်တိုင်ကြားခဲ့တယ်လို့ ၎င်းအလုပ်သမားတွေကိုကူညီဆောင်ရွက်ပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
 
(MOU/Name list)ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမား ၃၂ဦးဟာ ၎င်းအလုပ်ရှင်ထံ မှာ အလုပ်လုပ်နေတာ အနည်းဆုံး ၃နှစ်မှ ၆နှစ်အထိ ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ရက်က စပြီး လုပ်အားခ မပေးတော့တဲ့ အပြင် အလုပ်သမားတွေရဲ့ အထောက်အထား စာရွက်စာတန်းတွေကိုလည်း သိမ်းထားကာ တောင်းယူသော်လည်း ထုတ်မပေးဘူးလို့ သိရပါတယ်။
 
မြန်မာရွှေ့ပြောင်း လုပ်သား ၃၂ဦးရဲ့ (၃လခန့်) လစာ စုစုပေါင်း ဘတ်ငွေ ၉၆၀၀၀၀ မပေးတဲ့ အပြင် စာရွက်စာတန်းတွေပါ သိမ်းထားတဲ့ အတွက် ၎င်း သူဌေး ဆိုသူ ကို နယ်မြေခံ မြို့နယ်ရှိဆဝါဒိကန်ရုံးနှင့် ကျဟာငန်းရုံးသို့ သွားရောက်တိုင်ကြားခဲ့ တာ မှာ ဧပြီ ၁၁ ရက် မှာတော့ အလုပ်သမားတွေရဲ့ အထောက်အထားစာရွက်စာတန်း တွေ ကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခ တွေ ကိုတော့ ထုတ်မပေးသေးတဲ့ အတွက် မြို့နယ် ရုံးမှသတ်မှတ်ထားတဲ့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Related posts

Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026
Cover
ကမ္ဘောဒီးယားရှိ ကျားဖြန့်ဂိုဏ်း ဝင်ရောက်စီးနင်းရာ မြန်မာ ၁၇၉ဦး အပါအဝင် နိုင်ငံခြားသား၂၀၀၀ကျော် ဖမ်းဆီးခံရ
Feb 03, 2026
Cover
ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာ ၆၀ ကျော် ကို စစ်ကော်မရှင်ထံလွှဲပြောင်း
Feb 03, 2026
Cover
အလုပ်သွားစဉ် လမ်းဖြတ်ကူးရာမှ မြန်မာလုပ်သားအမျိုးသမီး ကားတိုက်ခံရပြီးသေဆုံး
Feb 02, 2026
Cover
မလေးရှား တွင် အော်ပရာစီ ဖမ်းဆီးမှု ပိုဆိုးလာသဖြင့် မြန်မာလုပ်သားများ အထူးဂရုစိုက်နေထိုင်ကျရန် လူမှုအဖွဲ့စည်း များသတိပေး
Jan 31, 2026