NEWS

ဘန်ကောက် ရှိ ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျမှု ကြောင့်သေဆုံးသူများတွင် မြန်မာအလုပ်သမား၂ ဦးပါဝင်

CoverLogo
475 Views
 
ထိုင်းနိုင်ငံ ဘန်ကောက် ရှိ ဆောက်လုပ်နေဆဲ ရာမ ၂ မိုးပျံအမြန်လမ်းတံတား ပြိုကျမှုကြောင့် သေဆုံးသူစာရင်းထဲ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးပါဝင်နေတယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
မတ်လ ၁၅ ရက် မနက် ၁ နာရီ ၄၈မိနစ် ခန့်က ဘန်ကောက် ရာမ ၂ရှိ ဆောက်လုပ်ဆဲ မိုးပျံအမြန်လမ်းမ စီမံကိန်း မှာ ပြိုကျမှု ဖြစ်ပွား ခဲ့တာကြောင့် ၅ဦးသေဆုံးခဲ့ကာ ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ကနဦး သတင်းထုတ်ပြန်ချက်တွေ မှာ တော့ သေဆုံးသူ ၅ ဦး တွင် ထိုင်းလူမျိုး အလုပ်သမား ၃ ဦးနဲ့ အတည်ပြုလို့ မရသေးသူ နှစ်ဦး လို့ ထိုင်းရဲ က ထုတ်ပြန်ခဲ့ ပြီး နေ့ခင်းပိုင်းမှာတော့ ကျန်သေဆုံးသူနှစ်ဦးဟာ မြန်မာ အလုပ်သမားတွေဖြစ်တယ်လို့ ထပ်မံထုတ်ပြန်ခဲ့တယ်လို့ ထိုင်းသတင်းတွေ ကဖော်ပြပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေ ထဲမှာ လည်း မြန်မာအလုပ်သမားတွေ ပါဝင်နေပြီး ထိခိုက်မှုပြင်းထန်သူတွေလည်း ပါရှိကာ လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
သေဆုံးသွားခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး မှာ ကိုဇင်ကိုအောင် နဲ့ ကိုနိုင်လင်း အောင်တို့ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပြီး အသေးစိတ်အချက်လက်တွေကိုတော့ ထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နိုဝင်ဘာ၂၉ရက်ကလည်း စမတ်စခွန်ပြည်နယ် မြောင်ခရိုင်က ရာမ၂လမ်း ပေါ်က ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျတာကြောင့် မြန်မာအလုပ်သမား၄ဦး အပါအဝင် ၆ဦးသေဆုံးပြီး ၁၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။
Photo- The Nation Thailand

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026