NEWS

ဘတ် စာရင်းတင်ရာတွင် အလိမ်ခံရသည့် မြန်မာလုပ်သား ၁၄၀၀ကျော် ကို TMIA မှ ကူညီ ဆောင်ရွက်ပေးမည်ဟုဆို

CoverLogo
300 Views
 
ထိုင်းနိုင်ငံ တွင် အလုပ်သမား ဘတ်(Work Permit) စာရင်း တင်ရာမှာ အလိမ်ခံလိုက်ရတဲ့ မြန်မာလုပ်သား ၁၄၀၀ကျော် ကို ကူညီဆောင်ရွက်ပေးမယ်လို့ ထိုင်း-မြန်မာ စကားပြန်၊ဘာသာပြန်များအသင်း -TMIA (Thai-Myanmar Interpreter Translator Association ) အဖွဲ့က ဇန်နဝါရီ၂၀ရက်က ထုတ်ပြန်ပါတယ်။
 
ယခု လတ်တလော တွင် TikTok နဲ့ Facebook လူမှုမီဒီယာ တွေမှာ ပျံနှံနေတဲ့ သတင်းတွေအရ ထိုင်းနိုင်ငံ အတွင်း တရားဝင် နေထိုင်ခွင့် အလုပ်သမားဘတ် (Work permit)ပြုလုပ်ပေးမယ်ဆိုကာ အခကြေးငွေ ယူကာ ဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင်အချို့နဲ့ ကုမ္ပဏီ အချို့ ကြားဖြစ်ပွားနေတဲ့ ပြသာနာ အချို့ ကြောင့် မြန်မာလုပ်သား ၁၄၀၀ကျော် မှာ အခက်အခဲ နဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
 
ထိုင်းအစိုးရက ၂၀၂၅ ၊ ဒီဇင်ဘာလ ၁၂ ရက်‌နေ့ မှ ဒီဇင်ဘာလ ၂၆ ရက်အထိ ကို ထိုင်းနိုင်ငံအတွင်းက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို အား တရားဝင်အလုပ်လုပ်ခွင့်ပေးမယ့် ဘတ်ခေါ် ပန်းရောင်ကဒ် ၊ Work Permit များပြုလုပ်ဖို့ စာရင်းတင်ခွင့်ပေးခဲ့ပါတယ်။
 
အဆိုပါ အထောက်အထားတွေ ပြုလုပ်ဖို့ အကျိုးဆောင်အချို့နဲ့ ကုမ္ပဏီ ကို နစ်နာသူမြန်မာလုပ်သားတွေ ဟာ ငွေကြေးများ ပေးသွင်း ထားပြီ ဖြစ်ပေမယ့် လိုအပ်တဲ့ စာရွက်စာတမ်း မရရှိခြင်း၊လက်ဗွေနှိပ်ခြင်းနဲ့ သွေးစစ်ခြင်း လုပ်ငန်းစဉ် များ ဆောင်ရွက် နိုင်ခြင်း မရှိဖြစ်နေကာ တာဝန်ရှိသူများကို ဆက်သွယ် သော် လည်း ဆက်သွယ် ၍ မရ ဖြစ်နေတာကြောင့် စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။
 
TMIA (Thai-Myanmar Interpreter Translator Association ) အဖွဲ့အနေနဲ့ သူတပါး လုပ်ငန်း ကိစ္စရပ် တွေ ဝင်ရောက် စွက်ဖက် လိုခြင်းမရှိပေမယ့် ယခုကိစ္စဟာ မြန်မာအလုပ်သမား အများပြားရဲ့ ဘ၀နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ လူမှုရေးရိုက်ခတ်မှု ကြီးမား တဲ့ ပြဿနာ ဖြစ်သလို ထိုင်းနိုင်ငံ အတွင်း တရားဝင်နေထိုင် ခွင့်စာရွက်စာ တမ်း ဟာ အလွန်အရေးကြီးပြီး ပိုက်ဆံရှိတိုင်း လုပ်ဆောင်လို့ မရတဲ့ အရာဖြစ်သလို အချိန်နဲ့ အညီ မရရှိပါက အခြား အခွင့်အရေးတွေလည်းဆုံးရှုံးနိုင်တာကြောင့် ကူညီဆောင်ရွက်ပေးဖို့ လုပ်ဆောင်ခြင်း ဖြစ်တယ်လို့ TMIAက ထုတ်ပြန်ထားပါတယ်။
 
TMIA အဖွဲ့ဟာ နစ်နာဆုံးရှုံးခဲ့ရတဲ့ မြန်မာလုပ်သားများဘက်မှ ခိုင်ခိုင်မာမာရပ်တည်ပြီး ရရှိသင့် တဲ့ အခွင့်အရေးနဲ့ ဥပဒေကြောင်းအရ လိုအပ်တာတွေ ကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
 
ယခုဖြစ်စဉ်ကြောင့် နစ်နာမှုရှိသူ တွေ ဟာ TMIA ရဲ့ Facebook messenger ကို တိုက်ရိုက်ဆက်သွယ်ပြီး အကူညီ တောင်းခံ နိုင်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
 

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026