NEWS

ဗဟန်းမြို့နယ်ရှိ Ooredoo Myanmar Limited တွင် လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦး မတရား အလုပ်မှ ထုတ်ပယ်ခံသဖြင့်တိုင်ကြား

CoverLogo
497 Views
 
ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်းက Ooredoo Myanmar Limited မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း တစ်ဦး မတရား အလုပ် ထုတ်ပယ်ခံရတဲ့ အတွက် အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)မှ သိရပါတယ်။
 
၎င်းဝန်ထမ်းမှာ FTTH Senior Manager ရာထူးဖြင့် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကြိုတင်အကြောင်းကြားခြင်းမရှိဥပဒေပါ ရပိုင်ခွင့်များ မပေးဘဲ မတရားအလုပ်မှထုတ်ပယ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
အခုကဲ့သို့အလုပ်ထုတ်ခံရတာနဲ့ ပက်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားခဲ့ရာ အလုပ်သမား ညွန်ကြားရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတို့ပါဝင်သော ပေါင်းစပ်အဖွဲ့ဖြင့် ရုံးချိန်း ၂ ကြိမ် ၊ ဗဟန်းမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ဖြင့်ရုံးချိန်း ၃ ကြိမ်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ဖြင့် ရုံးချိန်း ၁ ကြိမ် စုစုပေါင်း ၆ ကြိမ်ညှိနှိုင်းခဲ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ညှိနှိုင်း ပေးခဲ့ပေမယ့် အလုပ်ရှင်အလုပ်သမား ပြေလည်မှု မရရှိသေးတာကြောင့်ဥပဒေနဲ့ အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)မှ သိရပါတယ်။
 
 

Related posts

Cover
Prettex Myanmar စက်ရုံ အထည်ကြေး ရက် ၂၀ ကျော် ကြာသည်အထိ ရှင်းမပေး
Jun 22, 2025
Cover
S.H UNITED COMPANY LIMITED လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှု ကျူးလွန်နေ
Jun 22, 2025
Cover
မြန်မာနိုင်ငံသား ၃၀ ကျော် လက်ခံထားသည့် ထိုင်းကျောင်းထိုင်ဘုန်းကြီးအဖမ်းခံရ
Jun 22, 2025
Cover
Chi Mai အထည်ချုပ်စက်ရုံမှူး ဆဲဆို ခြိမ်းခြောက် ခိုင်းစေ
Jun 21, 2025
Cover
Hosheng Myanmar အထည်ချုပ် ကိုယ်ဝန်ဆောင်ပါ ညနက် အချိန်ပိုဆင်းခိုင်း
Jun 21, 2025
Cover
အလုပ်အချိန် အလွန်အကျွံဖိအားပေးခိုင်းစေပြီး အခွင့်အရေးချိုးဖောက်
Jun 20, 2025
Cover
Myanmar Ayeyarwaddy MFG စက်ရုံ ရက်ပျက်ဆိုပြီး ၂ ရက်အတွက် ဒေးကြေးဖြတ်
Jun 20, 2025
Cover
အချိန်ပိုကြေးမပေးတဲ့အပြင် အထည်စံချိန်အလွန်အကျွံတောင်းခံတာကြောင့် အလုပ်သမားအချို့ အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်တာတွေရှိနေ
Jun 19, 2025