NEWS

ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော

CoverLogo
519 Views
 
Myanmar LNY CAPS Co,Ltd (ဦးထုပ်) စက်ရုံ (၁)မှာ ပြီးခဲ့တဲ့ ဩဂုတ်လက လုပ်အားခအပြည့်မရဘဲ ဖြတ်တောက်ခံရမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဲ့ဒီလိုဖြတ်တောက်တာကို အလုပ်သမားအချို့က စကားပြန်မှ တဆင့် စက်ရုံမှူးထံသွားရောက်တင်ပြရာ တောင်းဆိုခဲ့တဲ့အလုပ်သမားတွေကို လုပ်အားခပြန်လည်တွက်ချက်ပေးပေမယ့် အပြည့်မရတာကြောင့် ပြန်လည်တွက်ချက်ပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားတာပါ။
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် ဘီအိုစီ ကားမှတ်တိုင်အနီးမှာ အလုပ်သမား ၈၀၀ ကျော်နဲ့ ဖွင့်လှစ်ထားတဲ့ အဆိုပါ စက်ရုံမှာ 47 CLEAN UP, FITCAP,OTTO, CAPAMERICA စတဲ့ အမှတ်တံဆိပ် ဦးထုတ်တွေချုပ်လုပ်တာဖြစ်ပြီး ပိုင််ရှင်က တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ သိရပါတယ်။
 
အလုပ်ချိန် က နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ အထိ ဖြစ်ပြီး ခုနောက်ပိုင်း အချိန်ပိုကို ည ၁၂ နာရီ အထိ ခေါ်သလို အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်တဲ့ စနေ ၊ တနင်္ဂနွေနေ့တွေပါ အနားမရဘဲ အချိန်ပိုလုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။
 
"အရင် မန်နေဂျာတုန်းက ည နေ ၆ ခွဲထိ အများဆုံးဆင်းရတယ် အခု မန်နေဂျာအသစ်ရောက်ပြီးနောက် အချိန်ပိုတွေကို ည ၁၂ နာရီအထိ ခေါ်တဲ့ အပြင် တနင်္ဂနွေပိတ်ရက်မရှိဆင်းနေရတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်အားခပေးချေမှုအနေနဲ့ ဒေးကြေး ၊ ထောက်ပံ့ကြေး စုစုပေါင်း ၆၈၀၀ ကျပ်၊ ရက်မှန်ကြေး ၅၀၀၀၀ ကျပ်၊ ကျွမ်းကျင်ကြေး A ၃၀,၀၀၀၊ B ၂၀,၀၀၀ ကျပ်၊ C ၁၀,၀၀၀ ကျပ်၊ နှစ်ကြေး ၂၀,၀၀၀ ကျပ် သတ်မှတ်ထားပြီး အချိန်ပိုကြေး တနာရီလျင် ၂၀၀၀ ကျပ်နှုန်း တွက်ချက်ပေးတယ်လို့ ပြောပါတယ်။
 
ဒါပေမယ့် အလုပ်တရက်ပျက်ပါက ရက်မှန်ကြေး ၁၀၀၀၀ ကျပ် ၊ ၂ ရက်ပျက် ၂၀၀၀၀ ကျပ်၊ ၃ ရက်ပျက် ၅၀၀၀၀ ကျပ်ကို ရက်မှန်ကြေးထဲက ဖြတ်တောက်တယ်လို့ ပြောပါတယ်။လက်ရှိမှာ အလုပ်သမားတွေအနေနဲ့ စတိုင်အသစ်ချုပ်ပါက ထောက်ပံ့ကြေး ၁၀၈၀၀ ကျပ်ပေးပြီး၊ စတိုင် အဟောင်းချုပ်ပါက ထောက်ပံ့ကြေး ၂၇၀၀ ကျပ် ပေးတယ်လို့ ဆိုပါတယ်။
 
"ဩဂုတ်လ လစာထုတ်တော့ ပုံမှန်ရတာထက် တသိန်းကျော် နှစ်သိန်း ကွာနေတာ၊ အလုပ်သမားတွေကကျေနပ်မှုမရှိလို့ စနေနေ့နဲ့ တနင်္ဂနွေကို အလုပ်မဆင်းဘဲ တနင်္လာနေ့အလုပ်သွားဆင်းပါတယ်၊ လစာကွာနေလို့ စက်ရုံမှူး ကို စကားပြန်နဲ့သွားပြီးဖြေရှင်းတော့ သွားမေးတဲ့အထဲက အလုပ်သမား ၁ ယောက်ကို လီတာ ခန့်လိုက်တယ်၊ ကျန်အလုပ်သမားတွေကို ပြန်ပြီးတွက်ချက်ပေးတယ်၊ တယောက်ကို ၃၆၀၀၀ ပဲရမယ်ဆိုပြီးပေးမယ် မလိုချင်မယူနဲ့ဆိုပြီး အဲ့‌တာပဲပေးတာ၊ တခြားလိုင်းက အလုပ်သမားတွေကို ကျတော့ ရာခိုင်နှုန်းအလိုက် တွက်ချက်ပြီး ၅၀၀၀၀ အထိပေးတယ်၊ လူကိုယ်တိုင်သွားမေးတဲ့အလုပ်သမားတွေကို ကျတော့ ၃၆၀၀၀ မလိုချင်မယူနဲ့ဆိုပြီးပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အခုလို လုပ်ခ ကွာဟမှု ကို ပြန်လည်ဖြေရှင်းမပေးတဲ့အပြင် လူကိုယ်တိုင် သွားရောက်မေးမြန်းတဲ့အလုပ်သမားတွေကို ခွဲခြားဆက်ဆံပြီး လုပ်ခချန်လှပ်ထားတဲ့အတွက် ရသင့်ရထိုက်တဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေက လိုလားနေတယ်လို့ ပြောပါတယ်။
 
ထပ်မံပြီး လျှော့ချထားတဲ့လုပ်အားခတွေကို အပြည့်အဝ ပြန်တွက်ပေးဖို့ ၊ အချိန်ပိုတွေကို အလွန်အကျွံမခေါ်ဖို့နဲ့ အလုပ်သမားတွေကို ခွဲခြားဆက်ဆံတာမလုပ်ဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026