NEWS

ဖမ်းဆီးအကျဥ်းချခံထားရတဲ့ အလုပ်သမား ခေါင်းဆောင် ဦးသက်နှင်းအောင် မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေ

CoverLogo
595 Views
 
မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS- TUsF)ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို စစ်ကောင်စီက အကျဥ်းထောင်မှာ တိုက်ပိတ်ထားရာမှ တစ်ခြားနေရာကို ပြောင်းရွှေ့လိုက်တယ်လို့သတင်းကြားသိရပြီး ထောင်ဝင်စာတွေ့ခွင့်ပိတ်ပင်ထားတာကြောင့်စိုးရိမ်ပူပန်နေရတယ်လို့ MICS-TUsF အလုပ်သမားအဖွဲ့ချုပ်ကဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
 
စစ်ကောင်စီက ဦးသက်နှင်းအောင်ကို၂၀၂၁ ခုနှစ်ဇွန်လမှာ စတင်ဖမ်းဆီးတာဖြစ်ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁နဲ့ အလုပ်ကြမ်းအပါထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။
 
ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်မှာလည်း လွတ်ရက်စေ့ပြီးပြန်ထွက်လာချိန် အကျဥ်းထောင်ရှေ့မှာပဲပြန်လည်ဖမ်းဆီးပြီးစစ်ခုံရုံးကနိုဝင်ဘာလမှာအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၇ နှစ်ထပ်မံချမှတ်ခဲ့တာပါ။
 
"ကိုသက်နှင်းအောင် အပါအဝင်နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်တွင်းနှိပ်စက်တာတွေရှိနေတယ်လို့ သတင်းမီဒီယာတစ်ချို့မှာတွေ့မြင်ရပါတယ်။ ဒါကိုအဖွဲ့ချုပ်အနေနဲ့ လွန်စွာစိတ်ပူခဲ့ရပါတယ်။ ၂၀၂၅ခုနှစ်ဧပြီလ၂၆ရက်မှာလည်း တိုက်ပိတ်ထားရာက တစ်ခြားနေရာရွှေ့တယ်လို့ မိမိတို့အနေနဲ့ ကြားသိရပြီး ဒီကနေ့အထိ အဆက်အသွယ်မရပါဘူး" လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
စစ်ကောင်စီဟာ လက်ရှိမှာ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေကို ဖိနှိပ်မှုတွေများစွာလုပ်ဆောင်နေတာဖြစ်ပါတယ်။
 
"ကိုသက်နှင်းအောင်က ကျန်းမာရေးအခြေအနေအရ ဆေးတွေသောက်နေရတာပါ။ အခုလို အချိန်အကြာကြီး တိုက်ပိတ်ထားတာနဲ့ အဆက်အသွယ်ဖြတ်တောက်ခံရတဲ့အပေါ်  တော်တော်ထိတ်လန့်ရပါတယ်"လို့ဖော်ပြထားပါတယ်။
 
ဦးသက်နှင်းအောင် ပြန်လည်လွတ်မြောက်ရေးအတွက် အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့(ILO) အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုတာတွေ၊ ကမ်းပိန်းတွေ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီကတော့ မတရားသဖြင့် ဆက်လက်ဖမ်းဆီးထားတာပဲဖြစ်ပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026