NEWS

ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး

CoverLogo
344 Views
 
ထိုင်းနိုင်ငံရောက်အထောက်အထားမဲ့ မြန်မာ လုပ်သားတွေ ကို ပြုလုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ် CI ကို ကြားခံဆောင်ရွက် ပေးသူ(ပွဲစား)မှတစ်ဆင့် ပြုလုပ်တာမျိုး ရှောင်ရှား ဖို့ မြန်မာအလုပ်သမားသံအရာရှိရုံး က အသိပေးကြေညာထားပါတယ်။
 
မြန်မာအလုပ်သမားတွေ အနေနဲ့ CI စာအုပ် လျှောက်ထား လိုပါက နီးစပ်ရာ 7- Eleven စတိုးဆိုင်တွေမှာ CIစာအုပ် ဖိုး ကုန်ကျစရိတ် ဘတ်၂၆၇၀ ပေးသွင်းပြီး မိမိလျှောက်ထားလို့တဲ့ စခန်းအမည်နဲ့ နေရက်တို့ကိုရွေးချယ်နိုင်တယ်လို့ ဆိုပါ
တယ်။
 
၎င်းCI စာအုပ် လျှောက်ထားရာမှာ အပိုကုန်ကျစရိတ် ပေးဆောင် ရတာမျိုး မရှိဖို့ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိကိုယ်တိုင်သော်လည်းကောင်း၊ အလုပ်ရှင် အစီစဉ် ဖြင့် လည်းကောင်း CIလျှောက်ထားရန် နဲ့ ကြားခံဆောင်ရွက်ပေးသူကတစ်ဆင့် ဆောင်ရွက်တာမျိုး ရှောင်ရှားရန် အသိပေးကြေညာထားပါတယ်။
 
""ပိုက်ဆံ အကုန်ခံပြီး ပွဲစားနဲ့ ဘယ်သူမှ မလုပ်ချင်ဘူး အလုပ်သမားကိုယ်တိုင်သွား လုပ်ရင် အချက်အလက်စုံလည်း 
အကြောင်းအမျိုးမျိုးနဲ့ ရစ်တယ် အလွယ်တကူ မလုပ်ပေးဘူး ပွဲစားနဲ့ကျရင် အထောက်အထားမစုံရင်တောင် ဈေးညှိပြီး အဆင်ပြေအောင်လုပ်ပေးတာ ဌာနထဲက ဝန်ထမ်းတွေပါနေလို့ ပွဲစားဆိုတာ လုပ်လို့ရတာ လိုင်းပေါ်ကနေ စာ ထုတ်တာမျိုး မဟုတ်ဘဲ ကွင်းဆင်းလေ့လာကြည့်ပါလို့""ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
CIစာအုပ် ဖိုး ကုန်ကျစရိတ်ကို ဘတ် ၂၆၇ဝ လို့ မြန်မာသံရုံးက ကြေညာထားပေမယ့် မြေပြင် မှာတော့ ဘတ် ၅၀၀၀ မှ ဘတ်၁၀၀၀၀ အထိ ပေးနေရတယ်လို့ မြန်မာလုပ်သားတွေထံမှ သိရပါတယ်။
 
ထိုင်း နိုင်ငံ အတွင်း CIစာအုပ် ပြုလုပ်နိုင်ရန် စမုစခွန်၊စမုပရာကန်၊ဆူရတ်ဌာနီ၊ချင်းမိုင်နဲ့ ချွှန်ဘူရီ တို့မှာ စခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီး မြန်မာလုပ်သားတွေ အနေနဲ့ CI ပြုလုပ်တဲ့ လုပ်ငန်းစဉ်တလျှောက် အဆင်မပြေမှု များကြုံတွေ့ပါက အလုပ်သမား သံအရာရှိရုံး ကို ဖုန်းဖြင့်ဆက်သွယ်အကူညီတောင်းနိုင်တယ်လို့ အလုပ်သမားသံအရာရှိရုံးက အသိပေးကြေညာထားပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026