NEWS

ပွဲစားတွေထံမှလုပ်သားစုဆောင်းလက်ခံပါက ပြည်ပအလုပ်အကိုင်လိုင်စင်ရအေဂျင်စီတွေ အရေးယူခံရမည်ဟုဆို

CoverLogo
373 Views

ပြည်ပအလုပ်အကိုင် လိုင်စင်ရအေဂျင်စီများက ပွဲစားများထံ မှ လုပ်သားစုဆောင်းလက်ခံ ခြင်းစိစစ်တွေ့ရှိပါက အရေးယူခံရမယ်လို့အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။

ပြီးခဲတဲ့ရက်ပိုင်းက ပြည်ပအလုပ်အကိုင်လုပ်ငန်းဆောင်ရွက်နေမှုအပေါ်  အသိပေး ထုတ်ပြန်လိုက်တဲ့ အရေးယူဆောင်ရွက်မယ့် အကြောင်းအရာအမျိုးစားသတ်မှတ်ခြင်း မှာ ပွဲစားတွေ ထံက လုပ်သားစုဆောင်းခြင်း မပြုဖို့ ဆိုတဲ့အချက်ပါထပ်မံ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

အဆိုပါ သတ်မှတ်ချက်တွေထဲမှာ အခကြေးငွေ ယူဆောင်ပြီး လုပ်ဆောင်နေတဲ့ အကျိုးဆောင် လိုင်စင်မရှိတဲ့ကုမ္ပဏီတွေ ၊ ကုမ္ပဏီ မှ ဌာန သို့ တင်ပြခွင့်ပြုချက် ရယူပြီး တာဝန်ပေးအပ်ထားတဲ့ နယ်ကိုယ်စားလှယ် မဟုတ်သောသူ နဲ့ ပွဲစားများထံ မှ လုပ်သားစုဆောင်း  လက်ခံတာ ကို စိစစ်  တွေ့ရှိပါက အလုပ်သမား တွေ ထံ က ကောက်ယူထားတဲ့ ငွေကြေး အားလုံး ကို  အလုပ်သမား ထံ ပြန်လည်ပေးအပ်ရမယ့် အပြင် အလုပ်သမား တစ်ဦး အတွက် ဒဏ်ကြေး အဖြစ် ကျပ်လေးသိန်း ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

"လိုင်စင်ရအေဂျင်စီ တွေ အနေနဲ့ လုပ်သားစုဆောင်းမယ်ဆိုရင် အေဂျင်စီက နေ တရားဝင် ခန့်အပ်ထားတဲ့ အလုပ်သမားဝန်ပြီးဌာနကိုတင်ပြ ပြီး ခွင့်ပြု ထားတဲ့ နယ်ကိုယ်စားလှယ် ဆိုတာ ရှိတယ် သူတို့ကနေ သူတို့နယ်အလိုက် လုပ်သားစုဆောင်းနိုင်တယ် ဒီအေဂျင်စီ ကိုပဲ လုပ်သားရှာဖွေပေးရတယ် ဒီလူတွေကလုပ်သားကိုပဲအေဂျင်စီကလက်ခံခွင့်ရှိတယ် အပြင်က ပွဲစား တွေ  အခြားအကျိုးဆောင်လိုင်စင်မရှိတဲ့ကုမ္ပဏီစီကနေ လက်ခံ လို့ မရဘူး စီစစ်လို့တွေ့ရင် အလုပ်သမားစီကယူထားတဲ့ ပိုက်ဆံလည်းပြန်ပေးရမယ့်အပြင် အလုပ်သမားတစ်ဦး ကို ကျပ်လေးသိန်း နှုန်းနဲ့ဒဏ်ကြေးပေးရမယ်"လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလို ပေးဆောင်ရန် ပျက်ကွက်လိုပါက လိုင်စင်ရုပ်သိမ်းခြင်းနဲ့ ပြည်ပအလုပ်ကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၉ အရ အရေးယူခံရမယ်လို့ သိရပါတယ်။


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(အောက်တိုဘာ၂၀-၂၆)
Oct 26, 2025
Cover
အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ်အသစ်လက်ထက် ဂျပန်ရောက်မြန်မာတို့၏ အနာဂတ်နှင့် စိုးရိမ်မှုများ
Oct 26, 2025
Cover
ထိုင်းဘုရင်ရဲ့မယ်‌တော် နတ်ရွာစံတဲ့အတွက် ထိုင်းအစိုးရက ရက် ၉၀ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ရန် ကြေညာ
Oct 25, 2025
Cover
ကန်ချနဘူရီ တွင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ တင်ဆောင်လာသည့် ယာဉ်တိမ်းမှောက်ပြီး ၃ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရ
Oct 25, 2025
Cover
လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ချောင်းပြတ်တောက်သွားရသော အလုပ်သမား လျော်ကြေးရရှိ
Oct 25, 2025
Cover
ရုရှားနိုင်ငံသားပိုင် ကားအငှားလုပ်ငန်းကို ဝင်ရောက်စီးနင်းစစ်ဆေးရာ မြန်မာဝန်ထမ်း ၅ ဦးအဖမ်းခံရ
Oct 24, 2025
Cover
မြန်မာသံရုံး အသွင်ယူပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အတွက်ငွေကြေး လိမ်လည်မှုများ ရှိနေဟု စင်္ကာပူရှိမြန်မာသံရုံးကြေညာ
Oct 23, 2025
Cover
ပဲခူးတိုင်းမှ လာရောက်သည့် မြန်မာ ၃၀ ကျော် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ
Oct 23, 2025