NEWS

ပွဲစားခ ဘတ်၂သောင်းကျော် ပေးပြီး ထိုင်းသို့လာသော မြန်မာလုပ်သား ၁၁ ဦး အဖမ်းခံရ

CoverLogo
286 Views
 
ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင် ဖို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၁၁ဦး ကို ထိုင်းအာဏာပိုင် တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရသိရပါတယ်။
 
ဖေဖေါ်ဝါရီ ၂၆ရက် ညနေပိုင်းမှာ ကန်ချနပူရီခရိုင်၊ သောင်ဖာပွန် မြို့နယ်အတွင်း စံခလပူရီဘက်ကနေ မောင်းနှင်လာတဲ့ အဖြူရောင် Toyota Hiace ဗန်ကားတစ်စီး ကို ထိုင်းရဲတပ်ဖွဲ့က မင်္သကာသဖြင့် စစ်ဆေးရန် တားဆီး ရာ မှာ ၎င်းကားဟာ မရပ်ပေးအရှိန်ပြင်းစွာ မောင်းပြေးတဲ့ အတွက် လုံခြုံရေး ရဲတပ်ဖွဲ့ တွေက လိုက်လံ ဖမ်းဆီးရာ နောက်ဆုံးမှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ကားထဲတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား အမျိုးသား ၆ယောက်နဲ့ အမျိုးသမီး၅ယောက် ကို တွေ့ရှိရပြီး ၎င်းတို့ဟာ ကရင်ပြည်နယ်၊ ဘုရားသုံးဆူဘက်ကနေ လာကြတာဖြစ်ပြီးချွန်ပူရီ၊ ဆူဖန်ပူရီ၊ မဟာချိုင် တို့မှာ အလုပ် လုပ်ကိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
 
အခုလို လာရောက်ဖို့ အတွက် ပွဲစား ခ အဖြစ် တစ်ယောက်ကို ဘတ်၂၀၀၀၀မှ ၂၂၀၀၀ ခန့် ပေးခဲ့ရကာ ယာဉ်မောင်း ဖြစ်သူ ထိုင်းနိုင်ငံသား က ပို့ဆောင်ခ ဘတ်၅၀၀၀ ရတယ်လို့ ထွက်ဆိုကြောင်း သိရပါတယ်။
 
ဖမ်းဆီးရမိသူ အားလုံးကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် သောင်ဖာပွန်ရဲစခန်းကို လွှဲပြောင်းအပ်နှံ ထားပြီး ဗန်ကား၊ လက်ကိုင်ဖုန်း ၃ လုံးနဲ့ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းထားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ နေ့စဉ် အဖမ်းခံနေရပြီး ဖမ်းဆီးစစ်ဆေးချိန် ယာဉ်ကိုအရှိန်ပြင်းစွာ မောင်းပြေးတာတွေကြောင့်လဲ ယာဉ်တိမ်းမှောက်တွေဖြစ်ကာ မြန်မာလုပ်သား အများပြား ထိခိုက်ဒဏ်ရာ ရရှိတာတွေ လည်း ဖြစ်ပေါ်လျက်ရှိပါတယ်။
Ref-Kanchanaburi News
 

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026