NEWS

ပွဲစားခ ဘတ်တစ်သောင်းဝန်းကျင်ပေးခဲ့ရသည့် မြန်မာလုပ်သား ၅၀ကျော် လုပ်သက် ရှစ်လဝန်းကျင်တွင် အလုပ်ထုတ်ခံရ

CoverLogo
234 Views
 
ထိုင်းနိုင်ငံ၊ချာချင်ဆောင်ခရိုင်၊ဘန်းပကွန်မြို့နယ်အတွင်းရှိ အီလက်ထရောနစ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား ၅၀ကျော်ကို အလုပ်ဝင်ပြီး ၈လခန့်မှာပင် အလုပ်ရှင်မှ ကြိုတင်အကြောင်း မကြားဘဲ အလုပ်မှ ထုတ်ပယ်တာခံလိုက်ရတယ်လို့ ၎င်းကိစ္စကို ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။
မြန်မာအလုပ်သမား အမျိုးသား ၄ဦး၊အမျိုးသမီး၅၀ဦးတို့ဟာ ၎င်းစက်ရုံမှာ အလုပ်လုပ် နိုင်ဖို့ ကြားစပ်ကုမ္ပဏီ နဲ့ စမတ်ခ ၈၅၀၀ဘတ်မှ ၁၀၅၀၀ ဘတ်အကြား ဝန်ဆောင်ခ ပေး၍ အလုပ်ဝင်ခဲ့ကျရပြီး လုပ်သက်၂လမှ ၈လ အထိ သာရှိသေးတယ် လို့ ဆိုပါတယ်။
 
၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၁ရက်မှာ စက်ရုံ ဘက်မှ အော်ဒါ မရှိသဖြင့် လူအနည်းငယ် အခြားရုံ သို့ ပြောင်းရွှေ့ရမယ်လို့ ဆိုကာ ဒီဇင်ဘာ၂၃ရက်မှာတော့ ပြောင်းရမယ့် လုပ်သားတွေရဲ့ နာမည်စာရင်း ထွက်လာပြီး ၂၀၂၆ခုနှစ် ဇန်နဝါရီ ၃ရက်နေ့မှာ ပြောင်းရွှေ့ လုပ်ရမယ်လို့စက်ရုံဘက်မှ ပြောကြားခဲ့တယ်လို့ WAGအဖွဲ့ မှ သိရပါတယ်။
 
သို့သော်လည်း ဇန်နဝါရီ ၅ရက် အထိ မပြောင်းပေးတာကြောင့် သွားရောက် မေးကြည့် တဲ့ အခါမှ စက်ရုံ တွင် အော်ဒါ မရှိတဲ့ အတွက် အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 
အခုလို အလုပ်သမားတွေကို အပြစ်မရှိဘဲ စက်ရုံဘက်မှ ကြိုတင်အကြောင်းကြားခြင်း မရှိ အလုပ်မှ ထုတ်ပယ်လိုက်တာကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အပေါ် ကြားစပ်ကုမ္ပဏီ ကလည်း တာဝန်ယူ မဖြေရှင်းပေးဘူးလို့ ဆိုပါတယ်။ဒါ့အပြင် ကြားစပ်ကုမ္ပဏီက ကျန့်ခေါက်ထားပေးခြင်း မရှိတာကြောင့် ကျန့်အော်များ သက်တမ်းကုန် သွားတဲ့ အတွက် မြန်မာလုပ်သားတွေ မှာ နစ်နာမှု များစွာ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
 
မြန်မာလုပ်သားတွေအနေနဲ့မိမိတို့ရဲ့ နစ်နာမှု တွေ အတွက် ထိုက်သင့်တဲ့ နစ်နာကြေး ရလို တာကြောင့် ထိုင်းရောက် မြန်မာလုပ်သားအရေး ကူညီပေးနေတဲ့ WAGအလုပ်သမား မဟာမိတ်အဖွဲ့ ထံ အကူညီတောင်းခံလာတဲ့ အတွက် WAGအဖွဲ့ အနေနဲ့ ဇန်နဝါရီ ၅ရက်မှာ အမှု ကို လက်ခံခဲ့ကာ ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026