NEWS

ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ

CoverLogo
213 Views
 
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးကို အဝေးပြေးလမ်းမကြီးရဲတပ်ဖွဲ့မှ စစ်ဆေးရန် တားဆီးရာ ယာဉ်မောင်းဖြစ်သူဟာ ကားကို ထားခဲ့ ပြီး ထွက်ပြေးသွားခဲ့တယ်လို့ အဝေးပြေးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဖေဖေါ်ဝါရီ ၅ရက် က ကန်ချနဘူရီ လမ်းမကြီးရဲတပ်ဖွဲ့ဟာ လုံခြုံရေးအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး တရားမဝင် ရွှေ့ပြောင်း လုပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီး ရန် လုပ်ဆောင်နေစဉ် ထရပ်ကားတစ်စီးဟာ အရှိန်ပြင်းစွာ မောင်းနှင်လာတာကြောင့် ရဲတပ်ဖွဲ့မှ စစ်ဆေးရန် အချက်ပြ ရပ်ခိုင်းစဉ် မောင်းပြေးသွားပြီး သစ်တောဧရိယာ အနီးတွင် ကားကို ပစ်ထားခဲ့ ကာ ယာဉ်မောင်းဟာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
 
ရပ်ထားတဲ့ ကားထဲ တွင် ကျပ်ညပ်စွာ ထိုင်နေရတဲ့ မြန်မာလုပ်သား၁၃ဦး ကို တွေ့ရှိရပြီး ၎င်းတို့မှာ အထောက်အထားတစ်စုံတစ်ခု မှမပါရှိဘူးလို့ ဆိုပါတယ်။
 
ထို့နောက် စကားပြန်က တစ်ဆင့် မြန်မာလုပ်သားတွေကို မေးမြန်းရာ ၎င်းတို့အား ပုစွန်မွေးမြူရေးခြံမှာ အလုပ်လုပ်ဖို့ ပို့ဆောင်ပေးတာ လို့ဖြေကြားပေမယ့် နေရာအတိအကျ မသိရှိကျဘူး လို့သိရပါတယ်။
 
အချို့သူတွေကတော့ မလေးရှား မှာ အလုပ်လုပ်ဖို့ အတွက် အခုလို လာခဲ့တာဖြစ်ပြီး ပွဲစားခ နဲ့ ခရီးစရိတ် အတွက် တစ်ဦးကို ဘတ်၄သောင်းပေးဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
 
ဖမ်းမိတဲ့ မြန်မာလုပ်သားတွေကို တရားမဝင်ရွှေပြောင်းနေထိုင်မှုနဲ့ တရားစွဲဆိုခဲ့ ပြီး ကန်ချနဘူရီ မြို့ ရဲစခန်း တွင် ဆက်လက် စစ်ဆေးမေးမြန်း ဖမ်းဆီးခေါ်ဆောင်သွားကာ ထွက်ပြေးသွားတဲ့ ယာဉ်မောင်းဖြစ်သူကို တရားစွဲဆိုဖို့ ရှာဖွေနေတယ်လို့ သိရပါတယ်။
 
 
Ref-CIB

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026