NEWS

ပွဲစားခ ဘတ် ၃သောင်း ခန့်ပေးပြီး နယ်စပ်ဖြတ်ကျော် လာရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ကျော် အဖမ်းခံရ

CoverLogo
283 Views
 
ထိုင်း-မြန်မာ နယ်စပ် ကန်ချနဘူရီခရိုင် သောင်ဖာမြို့နယ် မှာ ပွဲစားခ ဘတ် ၃သောင်း ခန့် ပေးပြီး နယ်စပ်ဖြတ်ကျော်လာတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၁၂ဦးကို ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ၂၉ရက် ဒီကနေ့ မနက်ပိုင်း ၂နာရီ ခန့်က ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေ အရသိရပါတယ်။
 
မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ လူကုန်ကူးသူတွေဟာ ဗာဂျီရာလောင်ကွန် ဆည်အတွင်း လှေနဲ့ ဖြတ်ကျော်လာပြီး ဘန်သာဖဲဒေသရှိ ကမ်းစပ်ကို ဆိုက်ကပ်မယ်လို့ ကြိုတင်သတင်းရတဲ့ အတွက် ထိုင်းအာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးရာ မသင်္ကာ တဲ့ ပစ်ကပ်ကား ၃ စီးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
၎င်းယာဉ်တွေကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှ ယာဉ်မောင်းဖြစ်သူတွေဟာ ယာဉ်ကို ရပ်တန့်ပြီးတောထဲသို့ ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးတဲ့အခါ ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသား အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးအပြင် ၁၆ နှစ်အရွယ် ဒေသခံလူငယ်တစ်ဦးပါ ပါဝင်နေတာကို တွေ့ခဲ့ရပြီး အသက် ၂၅ နှစ်အရွယ် ယာဉ်မောင်းဟာ မူးယစ်ဆေးဝါး သုံးစွဲထားတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သတင်းမှာဖေါ်ပြထားပါတယ်။
 
စစ်ဆေးချက်အရ ပစ်ကပ်ကား ၂ စီးပေါ်မှာ မြန်မာလုပ်သား ၁၁၂ ဦးကို ကျပ်ညပ်စွာ တင်ဆောင်လာတာဖြစ်ပြီး ကျန်ကား ၁ စီးကတော့ အလုပ်သမားတွေရဲ့ အိတ်ပေါင်း ၁၇၀ ကျော်ကို သီးသန့်တင်ဆောင်လာတယ်လို့ သိရပါတယ်။
မြန်မာလုပ်သား တွေဟာ ဘန်ကောက်၊ရယောင်နဲ့ မလေးရှား နိုင်ငံတို့မှာ အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ် ဖြတ်ကျော်လာကြခြင်း ဖြစ်ကာ ပွဲစား တွေကို တစ်ဦးလျှင် ဘတ် ၂သောင်းကနေ ၃သောင်း အထိ ပေးခဲ့ရတယ်လို့ သိရပါတယ်။
 
လက်ရှိမှာ မြန်မာရွှေ့ပြောင်း လုပ်သားတွေနဲ့ ယာဉ်မောင်းထိုင်းနိုင်ငံသားတို့ကို ဥပဒေအရ အရေးယူဖို့ သွန်ဖဖွန်ရဲစခန်းသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
 
Ref-Kanchanaburi News

Related posts

Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026