NEWS

ပွဲစား စွန့်ပစ်သွားတဲ့တရားမဝင် မြန်မာအလုပ်သမား ၈၀ ကျော် အဖမ်းခံရ

CoverLogo
215 Views
 
ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာ ကာ ရာဘာခြံ အတွင်း ပွဲစား က စွန့်ပစ် ခံရတဲ့ မြန်မာအလုပ်သမား ၈၀ကျော် ကို ဖမ်းဆီးခဲ့ တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
ဖေဖေါ်ဝါရီ ၁၁ရက် နေ့ နေ့လည်တစ်နာရီ ခန့် မှာ Thong pha phum ခရိုင် အတွင်းရှိ ရာဘာခြံ အတွင်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆင်တူတဲ့ လူတစ်စု ကို တွေ့ရှိကြောင်း ထိုင်းနိုင်ငံသားတစ်ဦးရဲ့ သတင်းပေးချက်အရ ထိုင်းအာဏာပိုင်တွေ က သွားရောက် စစ်ဆေးတာမှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမားတွေ မှာ ထိတ်လန့်တကြား ဖြင့် တောထဲ သို့ ထွက်ပြေးခဲ့ပြီး နောက် ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ဖမ်းမိတဲ့ စာရင်း များအရ မြန်မာအလုပ်သမား အမျိုးသား ၃၃ဦးနဲ့ အမျိုးသမီး ၂၇ ဦး အပြင် ကလေးငယ်တစ်ဦးပါ ပါဝင်ကာ စစ်ဆေးမှုအရ စမွတ်ပရာကန်ခရိုင် ကို အလုပ်သွားလုပ်ရန် ရည်ရွယ်ထားကာ ခေါ်ဆောင်လာတဲ့ ပွဲစားဆိုသူ က ပစ်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖေဖေါ်ဝါရီ ၁၂ရက် ညနေ လေးနာရီ ခန့်မှာ သတင်းပေးပို့ချက်အရ Thong Phum ခရိုင် ဗာဂျီယာလောင်ကွန်းရေလှောင်တမံ ဘေးရှိ ကမ်းနားတွင် စွန့်ပစ်ထားတဲ့ နေအိမ်တစ်လုံး အတွင်း တရားမဝင် မြန်မာအလုပ်သမား ၂၃ဦး ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသား၁၈ဦး၊ အမျိုးသမီး ၄ဦးနဲ့ ကလေးငယ် တစ်ဦး ပါဝင်တဲ့ မြန်မာအလုပ်သမား တွေကို ပွဲစားက ပစ်ထားခဲ့ ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းမှုအရ ၎င်း မြန်မာအလုပ်သမား အဖွဲ့ဟာ မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ ကို ပြန်ရန် အတွက် ထိုင်းနိုင်ငံ အတွင်း ကိုရောက်ရှိနေတာ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
လက်ရှိမှာတော့ အမှုနှစ်ခုစလုံးမှ ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေ ကို အောင်ဖုံရဲစခန်း သို့ပို့ဆောင် ထားကာ တရားဥပဒေ အတိုင်း ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။

Related posts

Cover
အလုံပိတ်ကားဖြင့် လိုက်ပါလာရသည့် မြန်မာလုပ်သား ၄၀ဦး အဖမ်းခံရ
Jun 08, 2025
Cover
မိုးပျံတံတားစီမံကိန်းမှာ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား ၄ ဦး အတွက် ဘတ် ၄ သန်းနစ်နာကြေးရ
Jun 03, 2025
Cover
စာချုပ် ချုပ်ထားပြီး အသက်ကန့်သတ်ချက် ကိုက်ညီနေတဲ့ အမျိုးသား လုပ်သားတွေပြည်ပထွက်ခွင့်မရ
Jun 03, 2025
Cover
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား တွေအတွက် CI စာအုပ်သက်တမ်းတိုး စခန်းများဖွင့်လှစ်ပေးမည်ဟုဆို
Jun 02, 2025
Cover
ပဲလှော်ကြား ဆားညှပ်ရသည့် လာအိုရောက် မြန်မာလုပ်သမားများ
May 31, 2025
Cover
တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၇၀၀ကျော်စေလွှတ်ထား
May 29, 2025
Cover
YUN NANXIN JLAHAO အထည်ချုပ် အချိန်ပိုကြေးများ ဖြတ်တောက်နေ
May 27, 2025
Cover
ရဲခေါ်ဖမ်းခိုင်းသည့် အလုပ်ရှင် မြန်မာလုပ်သား များအား ဘတ် လေးသိန်းကျော် ပြန်ပေး
May 27, 2025