NEWS

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ

CoverLogo
24 Views
 
ပြည်ပ နိုင်ငံတွေ ကို လုပ်သား စေလွှတ်ပေးနေတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ တွေ အနေနဲ့ ရက်၉၀ ကျော်လွန်တဲ့ အထိ လိုင်စင်သက်တမ်းတိုး အတွက် တင်ပြခြင်း မရှိပါက လိုင်စင်ပိတ်သိမ်းမယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၁၆ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
 
ပြည်ပအလုပ်ကိုင်အကျိုးဆောင် လုပ်ငန်း အတွက် လိုက်နာရမယ့် စည်းကမ်းချက်များတွင် လိုင်စင်သက်တမ်းမကုန်မီ ၂လ ကြိုတင် သက်တမ်းတိုးခွင့်ကို တင်ပြရမှာဖြစ်သလို သက်တမ်းကုန်ဆုံး ပြီးပါက ရက်ပေါင်း ၉၀ မတိုင်မီ တင်ပြရမယ်လို့ ဆိုပါတယ်။
 
တကယ်လို့ ရက်၉၀ ကျော်လွန်တဲ့ အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
 
ဒါ့အပြင် အကြောင်းအမျိုးမျိုးနဲ့ အကျိုးဆောင်လိုင်စင် ကို ကာလ အကန့်အသတ်နဲ့ ပိတ်ခံထားရတဲ့ အေဂျင်စီတွေ အနေနဲ့ လည်း ပုံမှန်အတိုင်း သက်တမ်းတိုးခွင့်ကို သက်တမ်းမကုန်မီ ၂လ ကြိုတင် အချိန်မီတင်ပြရမယ်လို့ လည်း ဆိုပါတယ်။
ပြည်ပလုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ်တွေ ကို ယခုနှစ်စ ကစပြီး စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက တင်းကြပ်စွာ ပိတ်ပင်ကန့်သက် တာတွေ ကြောင့်လိုင်စင်ရအေဂျင်စီတွေမှာ လုပ်ငန်း လည်ပတ်မှု မရှိတော့ဘဲ အကြပ်တည်းတွေနဲ့ရင်ဆိုင်နေရတယ်လို့ အေဂျင်စီတွေထံက သိရပါတယ်။
 
ဒါကြောင့် အေဂျင်စီ တွေ အနေနဲ့ ပြည်ပလုပ်သား ဈေးကွက်အခြေအနေနဲ့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန က သတ်မှတ်ထားတဲ့ လုပ်ငန်းစေလွှတ်ရေး လုပ်ငန်းစဉ် တွေ အပေါ် ချင့်ချိန်ပြီး အေဂျင်စီ လိုင်စင်သက်တမ်းတိုးဖို့ကို စဉ်းစားနေကြရတယ်လို့ ပြောပါတယ်။
 
လက်ရှိမှာ အလုပ်သမားဝန်ကြီးဌာန က လိုင်စင် ထုတ်ပေးထားတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီ ၅၆၀ ကျော်ရှိပြီး ယခုနှစ်အတွင်း အေဂျင်စီ လိုင်စင် အသစ် လျှောက်ထားသူ မရှိဘူးလို့ သိရပါတယ်။

Related posts

Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ
Oct 17, 2025
Cover
လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ
Oct 16, 2025
Cover
ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ
Oct 16, 2025
Cover
ဆောက်လုပ်ရေးလုပ်ငန်းမှမြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခပုံမှန်မရသဖြင့် တိုင်ကြား
Oct 16, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်းရောက် ကိုယ်လက်အင်္ဂါမသန်စွမ်းသည့် မြန်မာနိုင်ငံသားများကို အလုပ်ခေါ်ယူ (ရုပ်သံသတင်း)
Oct 15, 2025
Cover
ထိုင်း-မြန်မာ နယ်စပ် တွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ခန့် အဖမ်းခံရ
Oct 15, 2025