NEWS

ပြည်ပအလုပ်အကိုင်အကျိုးဆောင် အေဂျင်စီ ၄၃၅ ခုအထိရှိလာ

CoverLogo
4.2K Views

ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုသူများအနေဖြင့်  နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန် စေလွှတ်ခွင့်ပြုထားတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၄၃၅ ခုအထိရှိလာတယ်လို့ သိရပါတယ်။  

ယခင်က တရား၀င်လိုင်စင်ရအေဂျင်စီ  ၁၇၃ ခုသာရှိခဲ့တာဖြစ်ပေမဲ့ ယခုနှစ်မှာတော့  အသစ်လျှောက် ထား လာတဲ့အေဂျင်စီများပြားလွန်းတာကြောင့် လိုင်စင်ရအေဂျင်စီ ၄၃၅ခုအထိရှိခဲ့တာဖြစ်တယ်လို့  သိရပါတယ်။

လက်ရှိတွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ ကုမ္ပဏီပေါင်း ၄၃၅ ခု ရှိတဲ့အနက် အလုပ်သမားဝန်ကြီးဌာန (စကစ)ရဲ့  လိုင်စင်ရအေဂျင်စီ၉ခုဟာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းချက်များကို ချိုးဖောက်ခဲ့တာကြောင့်  ယာယီပိတ်သိမ်းထားလို့  ကျန်ရှိတဲ့အေဂျင်စီ ၄၂၆ ခုဖြင့် ပြည်ပနိုင်ငံများသို့  အလုပ်သမားစေလွှတ်ရေးလုပ်ငန်းဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

လိုင်စင်အသစ်ချထားပေးတာတွေကို ယခုနှစ်မှာတင်  အများအပြားခွင့်ပြုခဲ့ တာဖြစ်ပေမဲ့ အဲ့ဒီလိုင်စင်သစ်လျှောက်ဖို့လိုအပ်တဲ့အာမခံ စပေါ်ငွေကျပ်(၂၅၀)သိန်းနဲ့ ရွှေ့ပြောင်းနိုင်တဲ့အာမခံငွေ ကျပ်သိန်း(၁၀၀၀)ပြနိုင်ဖို့ကိုကပင်  လိုင်စင်မလျှောက်မီကတည်းက အလုပ်သမားတွေကိုအုပ်စုဖွဲ့လိမ်လည်ကြတာတွေရှိနေပြီး လိမ်လည်မှုတွေပေါ်ပေါက်ချိန်မှာပင်  လိုင်စင်ကျပြီးဖြစ်ပေါ်နေတာတွေရှိနေတယ်လို့ လိုင်စင်ရအေဂျင်စီများအကြား ဝေဖန်မှုတွေရှိနေတယ်လို့လည်း သိရပါတတယ်။

“အသစ်တွေကလည်းအများကြီး မမှန်ကန်ဘူးဝေဖန်တာတွေလည်းရှိတယ်။ အရင်ကတည်းကအေဂျင်စီတွေကတော့ အမည်တွေလိုဂိုတွေယူပြီး လိုက်လိမ်တယ်။ ပြီးရင်သူဌေးအမည်တွေနဲ့ဘယ်နေ့စာချုပ်မယ် ဘယ်နေ့ထွက်မယ်ပေါ့။ ကိုယ့်ရုံးရှေ့ရောက်လာမှ ဟဘာတုံးဆို အဲ့မှာပြဿနာသိရတာ။ ရှင်းရပြီတောက်ရှောက်။ ဒါကလည်းအေဂျင်စီတစ်ခုခုကိုအတွင်းကျကျအထိ  သေချာစုံစမ်းပြီးမှ  ပိပိရိရိလ်ိမ်တာဒီလိုတွေလည်းအများကြီးပဲ”လို့ အေဂျင်စီတစ်ခုက ဆိုပါတယ်။

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လုပ်ငန်းလိုင်စင်ရ စာရင်း၀င်မှုရှိမရှိသေချာစစ်ဆေးဖို့လိုအပ်သလို  လက်ရှိ အချိန်၌ တရားမဝင်အေဂျင်စီအတုများရဲ့ လိမ်လည်မှုကြောင့် အလုပ်သမားများ  အခက်အခဲ အမျိုးစုံနှင့် ကြုံတွေ့နေရတာတွေရှိနေလို့ မြန်မာပြည်ပအလုပ်အကိုင်၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ အကူညီတောင်းခံတာတွေများပြားလာတယ်လို့  သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026