NEWS

ပြည်ပအလုပ်ခေါ်စာရှိပေမယ့် တရားဝင်သွားရောက်မယ့် လုပ်သားရှားပါးနေ

CoverLogo
269 Views

ပြည်ပကနေ အလုပ်ခေါ်စာ ရရှိမှု ပုံမှန်ရှိနေပေမယ့် ပြည်တွင်း ကနေ တရားဝင် သွားရောက်မယ့်
အလုပ်သမား ရှားပါးနေတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေထံကသိရပါတယ်။

အမျိုးသားတွေ ကို ပြည်ပ အလုပ်ထွက်လုပ်ခွင့်အသက်ကန့်သတ် လိုက်ခြင်းနဲ့ နိုင်ငံကူးလက်မှတ် လျှောက်ထားရာ မှာ အချိန်ကြန့်ကြာခြင်းတွေကြောင့်လည်း တရားဝင် လမ်းကြောင်းကနေ သွားလိုတဲ့ လုပ်သားရှားပါးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

""ပြည်ပ အလုပ်ခေါ်စာ အများစုက အမျိုးသားတွေခေါ်တာ များတယ် အခုအမျိုးသားတွေကို ၂၃ ကနေ ၃၁နှစ်အထိ က ပြည်ပထွက်အလုပ်လုပ်လို့မရတာရယ် ပတ်စပို့လျှောက် ကတာလဲ ရက်ချိန်းက ၅လ လောက် အနည်းဆုံးကြာနေတော့ လုပ်သားရှာရတာ အခက်ခဲ ဖြစ်နေတာ""လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ပြည်တွင်း မှာ ဖြစ်ပေါ်နေတဲ့ အခြေနေ တွေ ကြောင့် အချို့ တွေ လူငယ်တွေဟာ ပြည်ပကို တရားမဝင် အောက်လမ်း မှ သွားရောက်တာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။

""တရားဝင် သွားတယ်ဆို နှစ်နိုင်ငံ လုပ်ငန်းအဆင့်ဆင့်ရှိတော့ အချိန်ကာလ တစ်ခုတော့ပေးရတယ် အခုက  ပြည်ပ ထွက်ချင်သူတွေ က အဲ့အချိန်ကို မစောင့်နိုင်ဘူး အမြန် သွားချင်သူက များတယ်တရားမဝင် ဖြစ်လဲ တဘက် နိုင်ငံ ရောက်မှ အခြေနေ ကြည့် အလုပ်လုပ်မယ်ဆိုတဲ့သူတွေလည်းရှိတယ် အဲ့တော့ ပြည်ပထွက်တဲ့သူများပေမယ့် တရားဝင် အလုပ်သွား လုပ်မယ့်သူတွေမှာက အကန့်သက်တွေ များနေတော့ အေဂျင်စီ အများစုမှာ အလုပ်ခေါ်စာ တွေရှိပြီး လူမပြည့်လို့ စာချုပ်ချုပ် ဖို့ ခက်ခဲနေတာတွေများတယ် တချို့လဲ လူက ၁၀၀ လိုရင်
၅၀လောက်နဲ့ စာချုပ်ချုပ်လိုက်ရတာရှိတယ်""လို့ အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလို ပြည်ပကို တရားမဝင် သွားရောက် အလုပ် လုပ်လာသူ များလာတဲ့ အတွက် ဩဂုတ်လဆန်း ပိုင်းကစပြီး ရန်ကုန်လေဆိပ်မှာ PV နိုင်ငံကူးလက်မှတ် နဲ့ ပြည်ပထွက်ခွာသူတွေ ကို စစ်ဆေးမှုတင်းကြပ်လျက်ရှိပြီး သက်မှတ်ထားတဲ့ အချက်အလက် မပြည့်စုံသူတွေ ကို ပြည်ပထွက်ခွင့်မပေးဘဲ ပြန်လွှတ်တာတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026