NEWS

ပြည်ပလုပ်သား​တွေရဲ့ မိသားစုထံလွှဲပို့​​ငွေ အဓမ္မ​တောင်းခံမှုကြောင့် အေဂျင်စီ​တွေ အခက်​တွေ့​နေ

CoverLogo
335 Views

၂၀၂၄ ခုနှစ်  အောက်တိုဘာလ အတွက် ပြည်ပရောက်အလုပ်သမားတွေ က မိသားစု ထံ လွှဲပို့ငွေ အထောက်အထား မပြနိုင်တဲ့ လိုင်စင်ရ အေဂျင်စီ ၂၉၀ ကျော်ရှိတယ် လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ 

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ တွေ အနေနဲ့ မိမိတို့ ပို့ဆောင် ပေးလိုက်တဲ့ အလုပ်သမားရဲ့ လစဉ် မိသားစုထံ လွှဲပို့ငွေ ကို အလုပ်သမားဝန်ကြီးဌာနက သက်မှတ်ထားတဲ့ လမ်းကြောင်း အတိုင်း လွှဲပို့ ထားမှု ရှိမရှိ အထောက်အထား ကို ဝန်ကြီးဌာန ထံ  လအလိုက်တင်ပြရတယ်လို့ သိရပါတယ်။

လက်တလောမှာ ၂၀၂၄ခုနှစ် အောက်တိုဘာလ အတွက် မိသားစုထံလွှဲပို့ငွေ အထောက်အထား ကို အလုပ်သမားဝန်ကြီးဌာနထံ မတင်ပြနိုင်တဲ့ အေဂျင်စီ ၂၉၂ ခု ရှိတယ်လို့ ဆိုပါတယ်။ 

""  တစ်လ တစ်လ ဒီ မိသားစုလွှဲပို့ငွေအထောက်အထား ရဖို့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေဆီ လှမ်းတောင်းရတာ ကလေးတွေလည်း အေဂျင်စီ တွေ ကိုအမြင်မကြည်တော့ဘူး တစ်ချို့ဆို အဆက်သွယ် လုံးဝ လုပ်မရတော့ဘူး ဝန်ကြီးဌာန ဘက်က လည်း မပြနိုင်ရင် အေဂျင်စီ ကို ဒဏ်ကြေးကောက်မယ် အရေးယူမယ်ဆိုတာ မျိုး လုပ်နေတော့ ရေရှည် ဆို အေဂျင်စီ တွေ လိုင်စင်ပြန်အပ်တာတွေ များလာလိမ့်မယ် အခုတောင် တစ်ချို့အေဂျင်စီတွေ အခြားလုပ်ငန်း ကို ပြောင်းလုပ် ဖို့ စီစဉ်နေတာ တွေ များလာပြီ""လို့ လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

လက်ရှိမှာ လည်း အောက်တိုဘာလ အတွက် ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစု လွှဲပို့ငွေ အထောက်အထားမပြနိုင်သေးတဲ့ အေဂျင်စီ ၂၉၀ ကျော်ကို နိုဝင်ဘာ၁၁ရက်နောက်ဆုံး ထားပြီး ပေးရန်နဲ့ ပျက်ကွက်ပါက ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်သလို Demand Letter အသစ်တင်ပြခွင့်ကို ဆိုင်းငံ့ခြင်း ခံရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026