NEWS

ပြည်ပလုပ်သားစေလွှတ်မှု ကန့်သတ်ပိတ်ပင်ခံရပြီးနောက်ပိုင်း အလိမ်ခံရတာတွေပိုများလာ

CoverLogo
365 Views
 
စစ်ကော်မရှင် က ပြည်ပလုပ်သားစေလွှတ်မှု ကို ကန့်သတ်ပိတ်ပင်တာတွေ ပြုလုပ် ပြီး နောက်ပိုင်းမှာ ပြည်ပ အလုပ်အကိုင် ရှာဖွေတဲ့ လုပ်သားတွေ ငွေကြေးအလိမ်ခံရ တဲ့ ဖြစ်စဉ်တွေ ပိုများလာတယ်လို့ နစ်နာသူလုပ်သားတွေနဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေပေးသူတွေထံမှ သိရပါတယ်။
 
၂၀၂၅ခုနှစ် ဇန်နဝါရီ လကုန် ပိုင်းက စပြီး အသက်၁၈နှစ်မှ ၃၅နှစ် အရွယ်အမျိုးသား လုပ်သားတွေကို ပြည်ပထွက် အလုပ်လုပ် ခွင့်မပေးတော့သလို ပြည်ပလုပ်သား စေလွှတ်ရေး လုပ်ငန်းစဉ်တွေကို လည်း ပိုမို စိစစ် ပြီး ကြန့်ကြာ အောင် စစ်ကော်မရှင် က လုပ်ဆောင်လာခဲ့ပါတယ်။
 
"သူတို့က စစ်မှုထမ်းဥပဒေ အကြောင်းပြပြီး တရားဝင် လုပ်သားစေလွှတ်မှု ကို အသက်ကန့်သတ်လိုက်တာတွေ ကြန့်ကြာအောင် လုပ်လိုက်ပေမယ့်ပြည်ပထွက်မယ့် သူ က လျော့သွားတာမဟုတ်ဘူး လေ ရသလို နည်း နဲ့ ထွက်ကျတာဘဲ လိမ်မယ့်သူတွေကို ပိုပြီး လိမ်လို့ကောင်းအောင် လုပ်ပေးသလို ဖြစ်သွားတာပေါ့ ဟိုးအရင် အချိန်တုန်းကတောင် ပြည်ပအလုပ်ရှာတဲ့ သူတွေ အလိမ်ခံရတာ တွေရှိနေတာ အခုလို အခြေနေမျိုးက ပိုပြီး များလာတာပေါ့"လို့ ပြည်ပလုပ်သားစေလွှတ်နေတဲ့ လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူကပြောပါတယ်။
 
အခုလို ပြည်ပ ထွက်ခွင့် ကန့်သတ်တာတွေနဲ့ ကြန့်ကြာ ခြင်းတို့ကြောင့်ပြည်ပအလုပ်အကိုင်ရှာဖွေသူတွေ ဟာ တရားမဝင် သွားရောက် တဲ့ နည်းလမ်းကို ရွေးချယ်လာရသလို ဥပဒေ အကာကွယ် မရတာကြောင့် လိမ်လည်ခံရခြင်းနဲ့ ငွေကြေးနစ်နာဆုံးရှုံးမှု တွေ ပိုများလာကြောင်း သိရပါတယ်။
 
"အခု MOEAAမှာ လာတိုင်ထားတဲ့ အမှု ဆိုရင် ဂျပန်ကို တာချီလိပ်ကနေ ပို့ပေးမယ်ဆိုပြီး ငွေသိန်းရာချီ ကို လူပေါင်းထောင်ချီ အလိမ်ခံရတာ ဒါက ပြည်ပလုပ်သားစေလွှတ်ရေး လုပ်ငန်း ကြန့်ကြာမှု ကို အခွင့်ကောင်းယူပြီး လိမ်တဲ့ဖြစ်စဉ် အခုနောက်ပိုင်း အလိမ်ခံရရင် လူဦးရေ နည်းနည်းမဟုတ်တော့ဘူး လိမ်တဲ့ သူတွေက တမင်အကွက်ချ ပြီး ကို လုပ်သားဦးရေ အများကြီး အစုလိုက် အလိမ်ခံရတာတွေ များလာတယ်""လို့ လိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ပြည်ပအလုပ်အကိုင်ရှာဖွေ တဲ့ လုပ်သားတွေ အလိမ်ခံရတဲ့ ဖြစ်စဉ် များလာပေမယ့် စစ်မှုထမ်းဥပဒေနဲ့ ပြည်တွင်း မှာ အလုပ်အကိုင်ရှားပါးလာခြင်း စားဝတ်နေရေး အခက်ခဲ ပိုမို ဆိုးရွားလာခြင်းတို့ကြောင့် လူငယ်တွေဟာ ပြည်ပကို ရသလို ထွက်ခွာနေကျရတယ်လို့ သိရပါတယ်။
 
"ကျွန်တော်တို စင်္ကာပူ သွားဖို့ လုပ်တာ သိန်း၁၅၀ကျော် အလိမ်ခံလိုက်ရတယ် ဒါပေမယ့် ဒီမှာက ဆက်နေလို့ဖို့ အဆင်မပြေဘူးစစ်မှုထမ်းကလည်းရှိသေးတယ် အလုပ်လုပ်တော့လည်း ရတဲ့ လစာ နဲ့ ပြန်ကုန်ကျတာနဲ့ မကာမိတော့ ပြည်ပ ထွက်ဖို့ ထပ်ကြိုးစားနေရတယ် ""လို့ ပြည်ပအလုပ်အကိုင်ရှာဖွေနေသူ တစ်ဦးကပြောပါတယ်။
 
ပြည်ပအလုပ်အကိုင်ရှာဖွေ သူတွေ အလိမ်ခံရတာ တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားတာတွေ ပြုလုပ်ပေမယ့် ဆုံးရှုံးထားတဲ့ ငွေကြေးတွေ ပြန်ရတာမျိုး အလွန်နည်းသလို ကျူးလွန်သူတွေကို ထိရောက်စွာ ဖမ်းဆီးပေးတာ အရေးယူပေးတာ တွေ နည်းတာကြောင့် အလိမ်ခံရသော်လည်း သက်ဆိုင်ရာကို တိုင်ကြားတာမျိုးတွေ ပြုလုပ်မှုနည်းတယ်လို့ နစ်နာသူတွေထံမှသိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026