NEWS

ပြည်ပရှိ စစ်​ကောင်စီ မြန်မာသံရုံးများတွင် နိုင်ငံကူးလက်မှတ် စာအုပ် ဖိုး နှုန်းထားတွေ တိုးမြှင့်ကောက်

CoverLogo
576 Views

ပြည်ပ နိုင်ငံ တွေရှိ မြန်မာသံရုံး တွေ မှာ မြန်မာနိုင်ငံကူးလက်မှတ် နဲ့ စပ်လျဉ်း ပြီး သက်တမ်းတိုးခြင်း အတွက် စာအုပ်ဖိုးနှုန်း ထားကိုစက်တင်ဘာ ၁ရက် ကစပြီး တိုးမြှင့်ကောက်ယူမယ်လို့ သံရုံးတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ အသိပေးကြေညာထားပါတယ်။

ကိုရီးယားနိုင်ငံမြန်မာသံရုံး ဆိုလ်းမြို့က တော့ ယခင်က  နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနဲ့ စပ်လျဉ်းပြီး စာအုပ်တစ်အုပ် အတွက် ကိုရီးယားဝမ် ၄၈၀၀၀ သတ်မှတ်ထားရာကနေ စက်တင်ဘာ၁ရက်ကစပြီး စာအုပ်ဖိုး ကို ကိုရီးယားဝမ် ၅၅၀၀၀ အဖြစ်ပြောင်းလဲ သတ်မှတ် ကောက်ယူမယ်လို့ ကြေညာထားပါတယ်။

ပျောက်ဆုံးခြင်းဒဏ်ကြေးအတွက် အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာနဲ့ သက်တမ်းလွန်ဒဏ်ကြေးအတွက် တစ်နှစ်ကျော်လွန်ပါက အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ စသည်ဖြင့်ယခင် နှုန်းထားအတိုင်းသာသတ်မှတ်ကောက်ခံ‌မယ်လို့ သိရပါတယ်။

စင်္ကာပူရှိ မြန်မာသံရုံး ကလည်း ယခင်က နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းတိုးခြင်း အတွက် စင်္ကာပူဒေါ်လာ ၆၀ သတ်မှတ်ထားရာမှ ယခု တွင် ၆၅ဒေါ်လာ ပြောင်းလဲ ကောက်ယူတော့မှာ ဖြစ်ကာ ပျောက်ဆုံးဒဏ်ကြေး အတွက် ယခင် အတိုင်း စင်္ကာပူဒေါ်လာ ၁၂၅ဒေါ်လာနဲ့သက်တမ်းလွန် /ပျက်စီး ဒဏ်ကြေးအတွက် ၃၅ဒေါ်လာ၊သက်တမ်းကျန် ဒဏ်ကြေး အတွက် တစ်နှစ်ကျော်လွန်ပါက စင်္ကာပူဒေါ်လာ ၄၅ဒေါ်လာ ကောက်ယူမယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ တိုကျို ရှိ မြန်မာသံရုံး ကလည်း နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း အတွက် စာအုပ်ဖိုးကို ယခင် ဂျပန်ယန်းငွေ ၅၀၀၀ ကောက်ယူရာ မှ ယခုမှာ ၆၀၀၀ ယန်း ပြောင်းလဲကောက်ယူမှာ ဖြစ်ပြီး သက်တမ်းလွန်ဒဏ်ကြေး၊ သက်တမ်းကျန်ဒဏ်ကြေး၊ နဲ့စာအုပ်ပျောက်ဆုံးဒဏ်ကြေးတို့ကို ယခင်အတိုင်း ဆက်လက်ကောက်ယူမယ်လို့ ကြေညာထားပါတယ်။

အမေရိကန် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး ကလည်း ယခင်က နိုငိငံကူးလက်မှတ်သက်တမ်းတိုးခြင်း အတွက် အမေရိကန်ဒေါ်လာ ၃၅ဒေါ်လာ ကောက်ယူရာမှ ယခု မှာ ဒေါ်လာ ၄၀ ဖြင့် ပြောင်းလဲကောက်ယူမယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ ရှိ မြန်မာသံရုံး ရိရတ်မြို့ မှ လည်း ဆော်ဒီအာရေဗျနိုင်ငံ၊ ကာတာနိုင်ငံ၊ ဘာရိန်းနိုင်ငံနဲ့အိုမန်နိုင်ငံ တို့မှာ အကြောင်း အမျိုးမျိုး ရောက်ရှိ အလုပ်လုပ်ကိုင်နေထိုင် နေတဲ့ မြန်မာနိုင်ငံသား တွေ အတွက် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်း၊ နိုင်ငံကူးလက်မှတ် မွေးတိုးထုတ်ပေးခြင်းတို့အတွက် နိုင်ငံကူးလက်မှတ်စာအုပ်အတွက် ဆော်ဒီရီရယ် ၁၃၅ ကောက်ခံခဲ့ရာ စက်တင်ဘာ၁ရက်ကစပြီး ဆော်ဒီရီရယ် ၁၅၅ သို့ တိုးမြှင့်ကောက်ယူမယ်လို့ သံရုံးက အသိပေးထားပါတယ်။

နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်း တို့အတွက် စာအုပ်ဖိုး ၁၅၅ဆော်ဒီရီရယ် နဲ့ဒဏ်ကြေး ဆော်ဒီရီရယ် ၄၀၀ စုစုပေါင်း ဆော်ဒီရီရယ်  ၅၅၅ ကျသင့်မယ်လို့ သိရပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026