NEWS

ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်

CoverLogo
462 Views
 
ပြည်ပနိုင်ငံ တွေ မှာ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား လေးသောင်း ခန့်ရဲ့ လစဉ် မိသားစုထံလွှဲပို့ငွေအထောက်အထားတင်ပြဖို့ ၎င်းလုပ်သားတွေ ကို စေလွှတ်ပေးခဲ့တဲ့ လိုင်စင်ရ အေဂျင်စီတွေ ကို နေပြည်တော်အလုပ်သမားရုံးချုပ်မှာ စိစစ်သွားမယ်လို့ အလုပ်သမားဝန်ကြီးဌာနလက်အောက် Safe Migration ကအသိပေးထားပါတယ်။
 
၂၀၂၄ ခုနှစ် စက်တင်ဘာလမှဒီဇင်ဘာလ အထိ ၃ လအတွင်း အလုပ်သမား ၃၉၃၅၃ ဦး ကို စေလွှတ်ခဲ့တဲ့ လိုင်စင်ရအေဂျင်စီ ၃၅၉ ခု ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်မှ စတင်ကာ အလှည့်ကျ စိစစ် သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
 
အခုလို အလုပ်သမားဝန်ကြီးဌာနရဲ့ အရေးယူခံရမှာ စိုးရိမ်တဲ့ အတွက် အချို အေဂျင်စီတွေ ဟာ မိသားစုလွှဲပို့ငွေအထောက်ထား တင်ပြဖို့ သတ်မှတ်ရာခိုင်နှုန်းမပြည့်ပါက အလုပ်သမားရဲ့ အမည်နဲ့ အေဂျင်စီက ငွေစိုက်ပြီး အလွှဲပြကြရတာကြောင့် ‎ပြင်ပ ပေါက်ဈေးထက် အနည်းငယ် အရှုံးခံရတာ ရှိတယ်လို့ သိရပါတယ်။
 
"မိသားစုလွှဲပို့ငွေ အထောက်အထားက အလုပ်သမားက ပို့ပေးမှ အေဂျင်စီက တင်ပြလို့ရမှာ လေ အခု ဌာနဘက်က သူတိုသတ်မှတ်တဲ့ ရာခိုင်နှုန်းမပြည့်ရင် လဲ အေဂျင်စီဘဲ ဒဏ်ငွေရိုက်ခံရတယ် အထောက်အထားမပြနိုင်ရင်လည်း အရေးယူခံရတယ် အရင်ကတော့ ကိုယ့်ငွေ စိုက်ပြီးအလုပ်သမားက လွှဲတဲ့ ပုံစံနဲ့ အလွှဲ ပြကြတယ် အခုက ပြည်ပလုပ်သားစေလွှတ်ရေးကြန့်ကြာတာတွေ ကန့်သက်တာတွေကြောင့် အေဂျင်စီတွေ လည်း စိုက်မလွှဲကြတော့ဘူး သတ်မှတ်ရာနှုန်းမပြည့်မီလို့ အရေးယူမယ်ဆိုလဲ ယူဆိုတဲ့ အနေထားဖြစ်နေပြီ""လို လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ပြည်ပရောက်မြန်မာ လုပ်သား တွေ အနေနဲ့ မိမိရောက်ရှိတဲ့ နိုင်ငံ အလိုက် ရရှိသော အခြေခံ လုပ်ခလစာ ရဲ့ ၂၅ရာခိုင်နှုန်း ကို စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဘဏ်တွေ ကတစ်ဆင့် မိသားစု ထံ လွှဲပို့ရတာ ဖြစ်ပြီး လွှဲပို့ထားတဲ့ အထောက်အထားစာရွက်ကို မိမိကိုပို့ဆောင်ပေးခဲ့တဲ့ အေဂျင်စီ ထံ ပို့ပေးရတာဖြစ်ပါတယ်။
 
အလုပ်သမားတွေ ပို့​တဲ့ မိသားစုထံလွှဲ ပို့ငွေ အထောက်အထားစာရွက် ကို အေဂျင်စီမှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာန ကို ပြန်လည်တင်ပြရပြီး မတင်ပြနိုင်တဲ့ အေဂျင်စီ တွေ ကို ငွေဒဏ် အပြင် အလုပ်ခေါ်စာ တင်ပြခွင့် ဆိုင်းငံ့ ခြင်းစတဲ့ အရေးယူမှု တွေ ပြုလုပ်တယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026