NEWS

ပြည်ပရောက်လုပ်သားတွေရဲ့၃ လစာ လွှဲပို့ငွေ စစ်ကောင်စီ ထပ်မံတောင်း

CoverLogo
295 Views

၂၀၂၄ ခုနှစ် ဇန်နဝါရီ မှ ဧပြီလ အထိ ပြည်ပအကျိုးဆောင်လိုင်စင်ရအေဂျင်စီ တွေကနေ နိုင်ငံအလိုက် စေလွှတ် ခဲ့ တဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲ ပို့ငွေ အထောက်အထား

တွေကို တင်ပြဖို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ တွေ ကို ထပ်မံ တောင်းထားတယ်လို့ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ တွေ ထံ က သိရပါတယ်။

 

အောက်တိုဘာ ၁ ရက်စ စတင်ပြီး ရုံးဖွင့်ရက် တစ်ရက်ကို အေဂျင်စီ ၅၀ ခု စီ အလိုက် အေဂျင်စီမှ မန်နေးဂျင်းဒါရိုက်တာသို့မဟုတ် ဒါရိုက်တာ ဒါမှမဟုတ် တရားဝင်ကိုယ်စားလှယ် တို့က အလုပ်သမားတွေက လွှဲပို့ထားတဲ့ မိသားစုလွှဲပို့ငွေ အထောင်အထား ယူဆောင်ပြီး နေပြည်တော်ရုံးချုပ် ကို သွားရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

အခုလို မိသားစုလွှဲ ပို့ငွေ အထောက်အထား သွားရောက် ပေးပို့တာမှာ မိမိပို့ဆောင် ထားတဲ့ အလုပ်သမားဦးရေရဲ့ ရာခိုင်နှုန်း ကိုတွက်ချက်ပြီး အကယ်၍ ၁ရာခိုင်နူန်းမှ ၄၀ရာခိုင်နူန်း အကြား ရရှိတဲ့ အေဂျင်စီ တွေ ကို အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့မှာ ဖြစ်သလို သုညရာခိုင်နူန်း ရရှိ တဲ့ အေဂျင်စီတွေကိုတော့ အလုပ်ခေါ်စာအသစ်(Demand Letter)တင်ပြခွင့်ရပ်ဆိုင်းမယ့်အပြင် အလုပ်သမားစေလွှတ်ခွင့် လုပ်ငန်းစဉ်ပါ ဆိုင်းငံ့ မယ် လို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို အသိပေးအကြောင်းကြားထားပါတယ်။

 

"ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွက် တစ်လ စာတောင် အလုပ်သမားတွေဆီက မနည်း ပြောရတာ တစ်ချို့ အေဂျင်စီ တွေ ဆို အလုပ်သမားတွေဆီက မရလို့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် စိုက်လွှဲပြီး အလုပ်သမား လွှဲပို့သလို လုပ်ရတာ 

အခု ထပ်ပြီး သုံးလ စာရဲ့ အထောက်အထား ကို အလည က ထပ်တောင်းနေပြီ အလုပ်သမားတွေကို သူတို့ပြောသလို တရားဝင်လမ်းကြောင်းကနေ လွှဲ ပေးဖို့ အေဂျင်စီ အနေနဲ့ ပြောပေးလို့ပဲရတာ အတင်း အကျပ် ကြီး လုပ်လို့ မှ မရတာ သူတို့သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း မပြည့်ရင်လည်း နေပြည်တော် ရုံးချုပ်ရောက်ရင် အေဂျင်စီ တွေ မလွှဲ ဖို့ မြှောက်ပေးနေတာ လား စစ်မေးတာခံရသေးတယ် အခုလို ပုံစံနဲ့အေဂျင်စီ တွေ လိုင်စင်ပြန်အပ်ဖို့ ပိုများလာလိမ့်မယ်""လို့ အေဂျင်စီ မှတာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။

 

အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနရဲ့ အကြောင်းကြားစာထဲ မှာ လိုင်စင်ရအေဂျင်စီ တွေ အနေနဲ့ မိမိစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ ရာခိုင်နှုန်း အလိုက် တွက်ချက်တာမှာ မိသားစုလွှဲပို့ငွေ အထောက်အထား ၄၁ရာခိုင်နှုန်း တင်ပြ နိုင်မှသာ ပုံမှန် အတိုင်းစေလွှတ်ရေး လုပ်ငန်း လုပ်နိုင်မှာဖြစ်သလို အလုပ်ခေါ်စာ အသစ် တင်ပြ ခွင့် ရမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် စက်တင်ဘာလ အတွက် အလုပ်သမားတွေရဲ့မိသားစုလွှဲပို့ ငွေအထောက်အထား တင်ပြ တာမှာ သတ်မှတ်ထားတဲ့ရာခိုင်နှုန်း မပြည် မီတဲ့ အတွက် အေဂျင်စီ ၂၀၀ ကျော် အရေးယူခံရတာမှာ ပြီးခဲ့တဲ့ရက်ပိုင်းမှ အေဂျင်စီ ၁၅၀ မှာ ဒဏ်ကြေးပေးဆောင်ပြီး ရာခိုင်နှုန်းပြည့်အောင် အထောက်အထား ပြနိူင်တဲ့ အတွက် စေလွှတ်ရေး လုပ်ငန်း ပုံမှန်အတိုင်း ပြန်လုပ်ခွင့်ရရှိပေမယ့် အေဂျင်စီ ၈၀ကျော် မှာတော့ သတ်မှတ်ရာခိုင်နှုန်း မပြည့်မီသေးတဲ့ အတွက် အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့ ခံထားရဆဲ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

 

လက်ရှိမှာ ပြည်ပနိုင်ငံအသီးသီးကို တရားဝင် ပို့ဆောင်နေတဲ့ လိုင်စင်ရအေဂျင်စီ၅၈၀ကျော်ရှိကြောင်း သိရပါတယ်။


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026