NEWS

ပြည်ပရောက်မြန်မာအလုပ်သမားများရဲ့ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှ တစ်ဆင့်မိသားစုထံ လွှဲပို့သည့်အထောက်အထားများတင်ပြရန် အလုပ်သမားဝန်ကြီးဌာနမှ အေဂျင်စီတွေကို ညွှန်ကြား

CoverLogo
889 Views

ပြည်ပ နိုင်ငံ တွေ ကို အေဂျင်စီကနေ တစ်ဆင့် တရားဝင်သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေရဲ့ မိသားစု ထံ လွှဲပို့ပေးတဲ့ လစာ ရဲ့ ၂၅ရာခိုင်နှုန်း ကို တရားဝင် ဘဏ်တွေကနေ လွှဲပို့ထားကြောင်း အထောက်အထား တွေ ကို ပို့ဆောင်ပေးတဲ့အေဂျင်စီ တွေ က အလုပ်သမားဝန်ကြီးဌာန ကို တင်ပြရမယ့်လို့ ဝန်ကြီးဌာနက အကြောင်းကြားစာပေးပို့ ထားကြောင်း အေဂျင်စီ အသိုင်းဝိုင်း က သိရပါတယ်။

၂၀၂၃ခုနှစ် စက်တင်ဘာလ မှ ၂၀၂၄ ခုနှစ် ဧပြီလ အထိ စေလွှတ်ထား​တဲ့  အလုပ်သမား တွေရဲ့ မိသားစုထံပေးပို့ငွေ စာရင်းများအထောက်အထား များ  ကို ပြုစုပြီး ၂၀၂၄ခုနှစ် ဇွန်လ မှ စတင်ပြီး လစဉ် လဆန်း၅ရက် ထက် နောက်မကျဘဲ ပေးပို့ရမှာ ဖြစ်ကာ လိုက်နာဆောင်ရွက် ခြင်း မရှိတဲ့ အေဂျင်စီ တွေ ကို အရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အေဂျင်စီက စေလွှတ်လိုက်တဲ့ အလုပ်သမားတွေ က သူတို့မိသားစု ကို တရားဝင် ဘဏ်တွေကနေ ငွေ လွှဲ
ပို့တယ်ဆိုတဲ့ အထောက်အထား တင်ပြခိုင်းတယ် ၂၀၂၃ခုနှစ် ကဟာတွေ ပါ ဆိုတော့ အဲ့လုပ်သားတွေ ကို ဘယ်လို ဆက်သွယ်ပြီး သူတို့ဘယ်လိုငွေလွှဲတယ်ဆိုတာတွေ တောင်းဖို့ အတော်ခက်ပြီ အေဂျင်စီက ဘယ်လိုပဲ ပြောပြော  အလုပ်သမားက သူတို့သဘော ဆန္ဒနဲ့ သူတို့ ငွေလွှဲ တာ ကျွန်တော်တို့က သွားပြောလို့မရဘူး တစ်ချို့ ဆို မိသားစု ကို ငွေမလွှဲတာတွေလည်း ရှိတယ် အဲ့ဒါတွေ ဆို ဘယ်လို လုပ်မလဲ ပြည်ပ လုပ်သားစေလွှတ်တဲ့အေဂျင်စီ တွေ အလုပ်ဆက်လုပ်ဖို့ ပိုပိုခက်လာပြီ""လို့ အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ထိုသို့ အလုပ်သမားများ တရားဝင်ဘဏ်တွေကနေ ငွေလွှဲ ပို့ ကြောင်း ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ မှ ဒီဇင်ဘာ လအ ထိ အလုပ်သမား ၅၀ဦးနဲ့ အထက် စေလွှတ်ခဲ့တဲ့ အေဂျင်စီ တွေ ပါဝင်ပြီး ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်တဲ့  အလုပ်သမားစာရင်းတွေအရ လုပ်သား ၅၀ ဦးနှင့်အထက် စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေမှာ  ၂၀၂၃ ခုနှစ်စက်တင်ဘာလ အတွင်း အေဂျင်စီ ၆၅ ခု ၊ အောက်တို ဘာလအတွင်း အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာလအတွင်း အေဂျင်စီ ၈၃ ခု၊ ဒီဇင်ဘာလအတွင်း  ၅၆ ခု ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ အေဂျင်စီတွေ အနေ နဲ့  မိမိတို့ စေလွှတ်ခဲ့သော အလုပ် သမားများက ပြည်ပရောက်လစာ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းမိသားစုများထံသို့ တရားဝင်ဘဏ်များမှတစ်ဆင့် လွှဲပြောင်းပေးပို့တဲ့  အထောက် အထားတွေ ကို  ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးပေးပို့ရမှာဖြစ်ကာ  အချိန်မီ မပေးပို့ပါက အေဂျင်စီများ၏ စေလွှတ်ရေးလုပ်ငန်းစဉ်တွေ ကို ယာယီဆိုင်းငံသွားမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းစာပေးပို့ထားပါတယ်။


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026