NEWS

ပြည်ပရောက်မြန်မာလုပ်သားတွေ လစဥ်ပို့ရမယ့် ငွေပမာဏသတ်မှတ်ချက်ကြောင့် အေဂျင်စီတွေနဲ့သွားလာမှု လျှော့ကျနိုင်

CoverLogo
1.6K Views

ပြည်ပသို့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအနေနဲ့ မိမိတို့လစာကို လစဥ်လွှဲ ပို့ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ ​လိုင်စင်ရ အေဂျင်စီတွေနဲ့လုပ်သားတွေအတွက် ပိုမိုခက်ခဲလာနိုင်တဲ့အတွက် အေဂျင်စီနဲ့ သွားလာဖို့ ခက်ခဲလာနိုင်တယ်လို့ ပြည်ပရောက် မြန်မာလုပ်သားတွေထံမှ သိရပါတယ်။

'' ခုလိုသတ်မှတ်ဖို့ရှိနေတယ်ဆိုတော့ အလုပ်သမားတွေက မကြိုက်ဘူး။ သူတို့ကမကြိုက်လို့ အေဂျင်စီတွေနဲ့မလုပ်ချင်လာရင် အေဂျင်စီတွေဘက်ကလည်း ခက်လာမှာပဲ ပြီးခဲ့တဲ့အစည်းအဝေးမှာ ဒီကိစ္စကိုညှိနှိုင်းထားတာ။ အခြေခံလစာရဲ့ ၃၅ ရာခိုင်နှုန်းလို့လည်းပြောတယ်  အဲ့ထက်ပိုလွှဲလည်းရတယ်။ ဘဏ်ရဲ့စည်းမျဥ်းစည်းကမ်းတွေအတိုင်းပဲ လုပ်သွားမှာပါ။ သူတို့ကတော့ပိုလွှဲလေပိုကြိုက်လေပေါ့ အလုပ်သမားကတော့ ဒါကိုသဘောမကျကြဘူး''လို့ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှူလုပ်ငန်းရှင်များအဖွဲ့ချုပ် အသင်းဝင် လိုင်စင်ရအေဂျင်စီများရဲ့ စေလွှတ်ခွင့်ရနိုင်ငံများဆီသို့ စေလွှတ်ထားတဲ့သလုပ်သမားတွေရဲ့ လစာငွေများကို  စစ်ကောင်စီက ချယ်လှယ်သတ်မှတ်နေတာကြောင့် အလုပ်သမားတွေဟာ သဘောမကျတော့ဘဲ စာချုပ်ချုပ်ဖို့ကို စဥ်းစားလာကြတယ်လို့ ဆိုပါတယ်။

''ခုလိုအလုပ်သမားတွေလစာကို ဝင်စွက်ဖက်ရင်တော့ အလုပ်သမားတွေက စာချုပ်နဲ့လုပ်မှာမဟုတ်တော့ဘူး။ အကုန်လုံးက တရားမဝင်တဲ့နည်းကိုသုံးလာကြမယ်။ အေဂျင်စီတွေလည်း စာချုပ်ဖို့ခက်လာမှာပဲ''လို့ ထိုင်ရောက်အလုပ်သမားတစ်ဦးက ဆိုပါတယ်။

ပြည်ပရောက်အလုပ်သမားများရဲ့မိသားစုဝင်များထံသို့ လွှဲပို့ငွေများနဲ့ပတ်သက်၍လည်းကောင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စများနဲ့ပတ်သက်၍ အရှေ့အလယ်ပိုင်းနိုင်ငံစေလွှတ်အေဂျင်စီများ၊ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံစေလွှတ်အေဂျင်စီများ၊ ဂျပန်နိုင်ငံစေလွှတ်အေဂျင်စီများအနေဖြင့့် ပြည်ပသို့သွားရောက်လုပ်ကိုင်မဲ့  မြန်မာလုပ်သားတွေအနေနဲ့ အလုပ်ရှင်အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်၊  အေဂျင်စီနဲ့ စာချုပ် ချုပ်ဆိုချိန်မှာ အခြေခံ လစာရဲ့ ၃၅ ရာခိုင်နှုန်းသို့မဟုတ် ပိုမိုလွှဲပို့နိုင်မည့် အချက်ကို  ထည့်သွင်းရန်ညှိနှိုင်းထားတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ သိရပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ ပြည်တွင်းက စီးပွားရေးလုပ်ငန်း အများစု ရပ်နားလာတာ၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာတာနဲ့ ပြည်တွင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်ပြီး  လုပ်ခလစာ နည်းပါး နေတဲ့အတွက်ကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှုနှုန်း မြင့်တက်လာနေတာဖြစ်ပြီး ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် စတဲ့နိုင်ငံတွေကို အများဆုံး သွားရောက်ကာ အလုပ်လုပ်ကိုင်နေကြတာဖြစ်တယ်လို့ ပြည်ပ အလုပ်အကိုင် အေဂျင်စီတွေထံကနေ သိရပါတယ်။
 

MyanmarLabourNews


Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026