NEWS

ပြည်ပနိုင်ငံများမှ အလုပ်ခေါ်စာလက်ခံမှု ယာယီရပ်ဆိုင်း

CoverLogo
951 Views
ပြည်ပနိုင်ငံတွေက နေလုပ်သားခေါ်ယူတဲ့ အလုပ်ခေါ်စာလက်ခံတာကို‌ ဖေဖော်ဝါရီလ(၁၃)ရက်က စတင်ပြီး အလုပ်သမားဝန်ကြီးဌာနက ယာယီရပ်နားလိုက်တယ်လို့ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်တွေဆီကသိရပါတယ်။
အလုပ်သမားဝန်ကြီးဌာနကစိစစ်ပြီးဖြစ်တဲ့အလုပ်ခေါ်စာတွေကိုတော့သတ်မှတ်ထားတဲ့လုပ်ငန်းစဉ်တွေအတိုင်းဆက်လက်လုပ်ဆောင်ရမယ်လို့သိရပါတယ်။
 
"Demand letter အသစ်တင်ပြရင်ဌာနဘက်က ယာယီရပ်နားတာကို ကြောင်းပြန်တယ်လို့တော့ သိထားတယ်။ အခုပြည်တွင်းမှာစစ်မှုထမ်းရမယ်ဆိုတော့ ပြည်ပထွက်ချင်တဲ့သူက အရမ်းများနေတယ်။ ဒီအခြေအနေမှာ demand letter တွေနားတယ်ဆိုတော့အဆင်မပြေဘူးလို့မြင်တယ်" လို့လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
 
စစ်အာဏာသိမ်းပြီးကတည်းက ပြည်ပမှာသွားရောက်လုပ်ကိုင်လိုမှုဟာ မြင့်တက်လာတာဖြစ်ပြီး လက်ရှိမှာတော့ အတည်ပြုလိုက်ပြီဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အရင်ထက်ပိုမိုများလာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်နေပါတယ်။
 
"Safe migration ရဲ့ telegram မှာလည်းအဲဒီကိစ္စတွေ့မိတယ်။ ပြောမယ်ဆို တကယ်ကို ချောင်ပိတ်ရိုက်တယ်လို့ပဲမြင်တယ်။တကယ်ဆို ပြည်ပရောက်နေတဲ့သူတွေဆီကလည်း လစာအခွန်ကောက်နေတာပဲ။ ဘာဖြစ်ဖြစ်တစ်ခုမှ မလွတ်အောင်ချုပ်ထားတာကို။ ပြည်ပမှာ အလုပ်လုပ်လို့မရအောင်ကို ကန့်သတ်တာကျလွန်တယ်" လို့လုပ်သားစုဆောင်းသူ ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။
 
လက်ရှိမှာစစ်ကောင်စီဟာ ပြည်ပမှာသွားရောက်လုပ်ကိုင်သူတွေဆီက ဝင်ငွေခွန်ကောက်ခံနေပါတယ်။ ဒါ့အပြင်စစ်မှုထမ်းဖို့သတ်မှတ်အသက်အရွယ်ပြည့်သူတိုင်းကို စစ်မှုထမ်းမှသာ ပတ်စပို့စ်စာအုပ်သက်တမ်းတိုးခွင့်ပေးမယ်လို့လည်း ပြောဆိုတာ တွေရှိနေပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026