NEWS

ပြည်ပထွက်လိုသူများလာတာကြောင့် ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားမှုများကို သံရုံးများကန့်သတ်

CoverLogo
644 Views

စစ်မှုထမ်းဥပဒေကိုစတင်ကျင့်သုံးမယ်လို့စစ်ကောင်စီကကြေညာပြီးနောက်ပြီးမှာပြည်ပထွက်ခွာလိုသူပိုမိုများပြားလာတာကြောင့်သံရုံးတွေကလည်းပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာမှာကန့်သတ်မှုတွေစတင်လုပ်ဆောင်လာပါတယ်။

ပြည်တွင်းကနေသွားလာမှုအများဆုံးဖြစ်တဲ့ထိုင်းနိုင်ငံဟာပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာမှာကန့်သတ်တာတွေစတင်လုပ်ဆောင်လာတာဖြစ်ပြီးမကြာသေးခင်ကလည်း ဂျပန်သံရုံးကလည်းဗီဇာလျှောက်ထားတာနဲ့ပတ်သက်ပြီးသတင်းအချက်အလက်တွေထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ဒီကလူတွေကသင်္ကြန်မတိုင်ခင်ပြည်တွင်းကနေထွက်ခွာချင်နေကြတာ။ထိုင်းသံရုံးတုန်းကလည်း သတင်းတွေလိုင်းပေါ်တက်လာတာလူတန်းကြီးကမတရားပဲ။အခုကသင်္ကြန်ပြီးရင်စစ်မှုထမ်းဖို့လူခေါ် မယ်လည်းပြောထားတော့လူတွေစိတ်ပူကြတာပေါ့။အဲဒါကြောင့်ပြည်ပထွက်ချင်တဲ့သူအရမ်းများလာတာ”လို့ပညာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာထိုင်းသံရုံးကလည်းလူကိုယ်တိုင်တန်းစီစနစ်နဲ့ဗီဇာယူတဲ့စနစ်ကိုဖျက်သိမ်းပြီး Visa Appointment Booking Online (VABO)စနစ်ကို အသုံးပြုပြီးအွန်လိုင်းကနေဗီဇာရက်ချိန်းရယူတဲ့စနစ် ကိုပြောင်းလဲကျင့်သုံးနေတာပဲဖြစ်ပါတယ်။ယခင်ကဗီဇာလက်ခံရာမှာတစ်ရက်ကိုလူ(၂၀၀)သာလက်ခံခဲ့ပေမယ့်လက်ရှိမှာတော့တစ်ရက်ကိုယခင်လက်ခံထားသူတွေအပါလူဦးရေ (၄၀၀)အထိလက်ခံပေးမယ် လို့သိရပါတယ်။

ဒါ့အပြင်ဂျပန်သံရုံးကလည်းပြည်ဝင်ခွင့်ဗီဇာလျှောက်ထားတာနဲ့ပတ်သက်ပြီးလက်ရှိမှာလျှောက်ထားမှုအလွန်များပြားနေတာကြောင့်တယ်လီဖုန်းနဲ့ရက်ချိန်းရယူတဲ့စနစ်ကိုခေတ္တရပ်နားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။လက်ရှိမှာအီးမေးလ်နဲ့သာလက်ခံဆောင်ရွက်မယ်လို့ဖော်ပြထားပြီးလူအရေအတွက်ကန့် သတ်တာတော့မရှိသေးပါဘူး။
ဒါ့အပြင်ပြည်တွင်းကနေတရုတ်နိုင်ငံတွင်းကိုလည်းတစ်ပတ်ကတ်နဲ့ဝင်ရောက်လုပ်ကိုင်သူအများအပြားရှိနေပြီးကန့်သတ်ခံရတာတွေလည်းရှိနေတယ်လို့သိရပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာပြည်တွင်းကနေထွက်ခွာလိုသူများပြားလာတာဖြစ်ပြီးငွေကြေးတက်နိုင်သူတွေကလည်းတရားဝင်လမ်းကြောင်းကထွက်ခွာကြပြီးငွေကြေးမတက်နိုင်သူတွေကလည်းနီးစပ်ရာထိုင်းနိုင်ငံကိုတရားမဝင်သွားရောက်နေကြပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026