NEWS

ပြည်ပထွက်ခွာသွားတဲ့ အလုပ်သမား​တွေရဲ့ ကိုယ်ရေးအချက်အလက် တွေပို့ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေ ကိုညွှန်ကြား

CoverLogo
311 Views
ပြည်ပ ကို တရားဝင် သွားရောက် အလုပ်လုပ်တဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို အလုပ်သမားဝန်ကြီးဌာန ထံ ကို gmail ကတစ်ဆင့် ဇူလိုင် ၁၅ရက် နေ့ မတိုင်မီပို့ပေးဖို့ လိုင်စင်ရအေဂျင်စီ တွေ ထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။
 
၂၀၂၃ ခုနှစ် ဧပြီလ ကနေ ဒီဇင်ဘာအထိ စေလွှတ်ခဲ့ တဲ့ အလုပ်သမား တွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ပို့ဆောင်ပေးခဲ့တဲ့ အေဂျင်စီ တွေ မှ စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးထံ ကို ပေးပို့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
"ပြည်ပကို ထွက်သွားတဲ့ ကိုယ်ရေးအချက်အလက် တွေကို စပေးရတာ က ၂၀၂၃ စက်တင်ဘာလောက်ကနေ ပေးရတာ အဲ့တုန်းက ပေးရတာလဲ အလုပ်သမားရဲ့ နာမည်နဲ့ပတ်စပို့နံပတ်လောက်ပဲ အခုက ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုပို့ပေးရတာ ၂၀၂၄ခုနှစ် အတွင်း မှာတော့ လစဉ်ပို့ပေးနေရတယ်၊ အခု တောင်းတာက ၂၀၂၃ခုနှစ်က စေလွှတ်ခဲ့တဲ့ အလုပ်သမားစာရင်းတွေ ကိုတောင်းတာ"လို့ လိုင်စင်ရ အေဂျင်စီ တစ်ခု မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
လိုင်စင်ရအေဂျင်စီ တွေ အနေနဲ့ နိုင်ငံအလိုက် မိမိတို့ စေလွှတ်ခဲ့တဲ့ အလုပ်သမားတစ်ဦးချင်းစီရဲ့ နာမည်၊အဖေနာမည်၊ မှတ်ပုံတင်နံပတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်နံပတ်၊ ပြည်တွင်းနေရပ်လိပ်စာ၊ ပြည်ပကို သွားရောက်တဲ့ နေ့စွဲ၊ ပြည်ပမှာ အလုပ် လုပ်နေတဲ့ အလုပ်အကိုင် နဲ့ နေရပ်လိပ်စာ စတာတွေ ကို စာရင်းပြုစုပြီး အလုပ်သမားဝန်ကြီးဌာနကို ပေးပို့ရတယ်လို့ ဆိုပါတယ်။
 
၂၀၂၃ခုနှစ် ဧပြီလ မှ ဒီဇင်ဘာအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမား တွေရဲ့ ကိုယ်ရေးအချက်အလက် တွေ ပေးပို့ဖို့ ကျန်ရှိနေတဲ့ လိုင်စင်ရအေဂျင်စီ ၃၈၀ကျော်ရှိကာ ၎င်းတို့ကို ဇူလိုင် ၁၅ရက် မတိုင်မီပေးပို့ဖို့ အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ သိရပါတယ်။

 


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025