NEWS

ပြည်ပထွက်ခွင့်ကို ၂ ပတ်ထက်စောပြီး မတင်ပြဖို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ကြေညာ

CoverLogo
1.3K Views
 
ပြည်ပကို တရားဝင် သွားရောက် အလုပ်မယ့်သူတွေ အနေနဲ့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန ထံ ပြည်ပထွက်ခွာခွင့် ခွင့်ပြုချက် တောင်းခံရတာ မှာ သွားရောက်မယ့်ရက် ရဲ့ ရက်သတ္တပတ် နှစ်ပတ် ထက်စောပြီး ခွင့်ပြုချက် တောင်းခံတာမျိုး မလုပ်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အသိပေးကြေညာချက် ထပ်မံထုတ်ပြန်ထားပါတယ်။
 
မတ်လ ၁၇ ရက် ကစပြီး PJ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပ ထွက်ခွာမယ့် လုပ်သား အားလုံး အလုပ်သမား ဝန်ကြီးဌာန ထံ ပြည်ပထွက်ခွာခွင့် ပြုဖို့ ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီး ခွင့်ပြုချက်မရပါက ထွက်ခွာလို့ မရဘူးလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
အခုလို ထုတ်ပြန် အပြီး ပြည်ပကနေခွင့်ဖြင့်ပြန်လာတဲ့ လုပ်သားတွေ နဲ့ ပြည်ပကို အလုပ်သွားရောက် လုပ်မယ့် လုပ်သား အများစု က ဝန်ကြီးဌာနရဲ့ migrantdeparture@gmail.com ကို ခွင့်ပြုချက် ပေးပို့လျှောက်ထားမှု တွေ အလွန်များပြားခဲ့တယ်လို့ သိရပါတယ်။
"ဌာနက ကြေညာကတည်း စည်းကမ်းသတ်မှတ်ချက် အကုန်လုံးကို ထည့်သွင်းထုတ်ပြန်ရမှာ အခု တော့ တနေ့တမျိုးစီ ကြေညာနေတယ် OWIC ကတ်နဲ့ လေယာဉ်လက်မှတ်ရရှိပြီးတဲ့သူတွေ သူတို့ပြောထားတဲ့ gmail ကနေ ပြည်ပထွက်ခွင့် တောင်းရမယ်ဆိုလို့ ပို့ကြတယ် အခု မနိုင်မနင်းဖြစ်တော့မှ ထွက်မယ့်ရက်ထက် နှစ်ပတ်စောပြီး မပို့ပါနဲ့ ဖြစ်ကော အဲ့တော့ နှစ်ပတ်စောပြီး ပို့ထားတဲ့သူတွေ ထပ်ပို့ရပြီဌာနဆိုင်ရာ လုပ်နေပြီး အစီစဉ်တကျ မလုပ်နိုင်ဘဲ တနေ့တမျိုး စည်းကမ်းချက်ထုတ်ပြီး ပြည်သူတွေကို စိတ်ဒုက္ခတွေ ပေးနေကျတယ်""လို့ ပြည်ပမှခွင့်ပြန်လာသူတစ်ဦးကပြောပါတယ်။
 
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြည်ပအလုပ်အကိုင် သက်သေခံ ကတ် OWIC ပြုလုပ်ဖို့ အချက်အလက်တွေပေးပို့ လျှောက်ထားမယ့်ကို စာတိုက်ကြီးကနေတစ်ဆင့် နေပြည်တော်ရှိ အလုပ်သမားရုံးချုပ် သို့ အမြန်ချောပို့ဖြင့် ပို့ဆောင်ကာပြုလုပ်ခွင့် တောင်းရမှာ ဖြစ်ပြီး ခွင့်ပြုချက်ရမှ မြောက်ဒဂုံ အလုပ်သမားရုံးမှာ သွားရောက် ထုတ်ယူရမယ် လို့ ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။ OWIC ကတ် နဲ့ လေယာဉ်လက်မှတ် ဖြတ်ပြီး မှ သာ ပြည်ပထွက်ခွာ ခွင့် ခွင့်ပြုချက်ကို တောင်းရမှာ ဖြစ်ပါတယ်။
 
အခုလို ပြည်ပထွက် အလုပ်လုပ်မယ့် လုပ်သား တွေ ကို စစ်ကောင်စီဘက်မှ ကန့်သက်ချက် အမျိုးမျိုး၊ စည်းကမ်းချက်အမျိုးမျိုး ထုတ်ပြန်ပြီး ပြည်ပသို့ သွားရောက် သူတွေ နည်းအောင် နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေကလည်းဝေဖန်ထောက်ပြတာတွေရှိနေပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026