NEWS

ပြည်ပခွင့်ပြန်လုပ်သားများ ရန်ကုန်လေဆိပ်ရောက်ပါက မပျက်မကွက် သတင်းပို့ရမည်ဟုဆို

CoverLogo
286 Views
 
ပြည်ပကနေ ခွင့်ဖြင့် ပြန်လာတဲ့ လုပ်သားတွေ အနေ နဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ကို ရောက်ရှိပါက သက်မှတ်ထားတဲ့ နေရာ မှာ သွားရောက် သတင်း ပေးပို့ရမယ်လို့ စစ်ကော်မရှင် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
 
မြန်မာနိုင်ငံကို ခွင့် ဖြင့် ပြန်ကြမယ့် အလုပ်လုပ်ကိုင်သူတွေ ဟာရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက် (Arrival) မှာထားရှိတဲ့ ရွှေ့ပြောင်းလုပ်သားအဝင် သတင်းပို့ကောင်တာ (Arrival Counter) မှာ မပျက်မကွက် သတင်း ပို့ ကျရမယ်လို့ အသိပေးထားပါတယ်။
 
အခုလို လုပ်ဆောင်ခိုင်းခြင်းဟာ ခွင့်ပြီးဆုံးလို့ ပြန်လည် ထွက်ခွာရာမှာ စိစစ်မှုတွေ နှောင့်နှေးကြန့်ကြာခြင်း မရှိစေဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
 
"သူတို့ ထုတ်ပြန်တာကတော့ စိစစ်တာမှာ ကြန့်ကြာမှု မရှိဖို့ ပြောတယ် တကယ်က ခွင့်ပြန်လာရင် ကို ဒီဘက်မှာ OWICကတ် လျှောက်ရတာတွေ ပြန်လည်ထွက်ခွင့်တောင်းရတာတွေ က အချိန်တွေ အရမ်းကြာတယ် ဌာနဘက်က မြန်ဆန်အောင် လုပ်ပေး လို့ ရတာ ကို သူတို့ ဘက်က မလုပ်ပေးဘူး ခွင့်ပြန်လာသူ လုပ်သားတွေကို ဟိုဟာ လုပ် ဒီဟာ လုပ် သာ ပြော​နေတာ ကိုယ့်မှာ အချက်အလက် စုံ ရင်တောင် လေဆိပ်ရောက်ရင် စာအုပ်ကြား ပိုက်ဆံ ထည့်ပေးမှ အဆင်ပြေတာ မဟုတ်ရင် အမျိုးမျိုးရစ်နေတာ"လို့ ခွင့်ပြန်လုပ်သားတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာ မလေးရှား နိုင်ငံ နဲ့စင်္ကာပူ နိုင်ငံ တွေ ကနေ ခွင့်ပြန်လာတဲ့ လုပ်သားတွေ က ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်(OWIC) လျှောက်သူ များတာကြောင့် မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားတွေ အနေနဲ့ ခွင့်ကာလ ၃ လခန့်နဲ့ စင်ကာပူနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ ခွင့်ကာလ ၁ လခန့် အထိ အချိန်ပေးနိုင်မှသာ ပြန်လာသင့်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက လက်အောက်ရှိ Safe migration ကနေ အသိပေးထားပါတယ်။
 
"ဒီနှစ်ကုန် အလုပ်က ခွင့်ရက်လည်းရတယ် မိသားစုတွေနဲ့ လည်း တွေ့ချင်ပေမယ်​့ ပြည်တွင်းမှာက အကြောင်းအမျိုးမျိုးနဲ့ ပြည်သူတွေကို ဒုက္ခတွေ ပေးနေကျတာ ကိုယ့်နိုင်ငံ ကိုယ့်အိမ် ပြန်တာတောင် ခွင့်ဘယ်လောက်ရမှပြန်ရမယ် လေဆိပ်ရောက်တာနဲ့ သတင်းပို့ရမယ် တွေ လုပ်နေတာ ဒီနှစ်ကုန်တော့ မဖြစ်မနေ ပြန်ရမယ့်သူက လွဲရင် ပြည်ပရောက် မြန်မာလုပ်သားတွေ ခွင့်ပြန်ကျမှာ နည်းလိမ့်မယ်"လို့ မလေးရောက် မြန်မာလုပ်သား တစ်ဦးကပြောပါတယ်။
 
ပြည်ပနိုင်ငံတွေမှာ သုံးလနဲ့အထက် နေထိုင်တဲ့သူတွေအနေနဲ့ ပြည်တွင်းသို့ ပြန်လာပါက PJ နဲ့ OWIC ကတ် ရှိထားရမှာဖြစ်ပြီး ပတ်စ်ပို့က PV ဖြစ်‌နေသလို OWIC ကတ်လည်း မရှိရင်တော့ ပြည်ပပြန်ထွက်ဖို့အတွက် အခက်အခဲတွေ ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။
 

Related posts

Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026