NEWS

ပြည်ပကိုသွားရောက်မယ့် မြန်မာလုပ်သားတွေ ပတ်စပို့နှစ်ဝက်နီးပါးအထိအတော်ကြာစောင့်ဆိုင်းနေရ

CoverLogo
1.8K Views

ပြည်ပကိုသွားရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် (ပတ်စပို့စာအုပ်) လုပ်ရာမှာ နှစ်ဝက်ကြာအထိစောင့်ဆိုင်းနေရတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

"ပတ်စပို့အဆင်သင့်ရှိနေရင်တော့ နိုင်ငံခြားသွားဖို့က မြန်တယ်။အခုမှပတ်စပို့စလုပ်မယ်ဆိုရင်တော့ အွန်လိုင်းဘိုကင်ယူရမယ်။ ကံကောင်းလို့ဘိုကင်ရသွားရင် မြန်တယ်။ ဒါပေမဲ့ကြာရင် ခြောက်လလောက်အထိကြာတယ်။ ပွဲစားကနေလုပ်ပေးရင်တော့ မြန်တယ်။ ဒါပေမဲ့ ခြောက်သိန်းခုနှစ်သိန်းလောက်အထိပေါက်နေတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ဘူး '' လို့ ပက်စ်ပို့ရုံးပွဲစားများနဲ့နီးစပ်သူက ပြောပါတယ်။

ပြည်ပထွက်ခွာလိုသူများအနေနဲ့ နိုင်ငံကူးလက်မှတ်လုပ်ရန် ရက်ချိန်းရယူရာမှာ အနည်းဆုံးသုံးလမှခြောက်လခန့်အထိ စောင့်ရတာမျိုး ရှိနေတာကြောင့် ပြည်ပကိုစောလျင်စွာသွားလို့မရဘဲ ကြန့်ကြာနေ ရတယ်လို့ သိရပါတယ်။

အခုလိုလပေါင်းများစွာကြန့်ကြာနေရတာတွေကြောင့် အချိန်ပိုမြန်စေရန် ပွဲစားကတဆင့် နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရတာတွေကို ပြုလုပ်လာရတာတွေများလာတာကြောင့် ပွဲစားတွေဟာ အမြင့်ဆုံးခုနှစ်သိန်းအထိ ပေါက်စျေးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းဘိုကင်တင်ရာမှာ အချိန်ကြန့်ကြာနေမှုတွေဟာ  ပွဲစားတွေက ရက်ချိန်းတွေစုယူထားတာကြောင့် ကိုယ့်အစီစဥ်နဲ့ ကိုယ်လုပ်မယ့် သူတွေဟာ လပေါင်းများစွာစောင့်ဆိုင်းရတဲ့အခြေအနေဖြစ်နေ တာလို့ ပက်စပို့ရုံးနဲ့နီးစပ်သူကဆိုပါတယ်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာနဲ့ပက်စပို့ အသစ်လုပ်တာတွေကို   အွန်လိုင်းကနေကြိုတင်ရက်ချိန်းယူရတဲ့ စနစ်အသုံးပြုနေတာကြောင့် အခုလို နိုင်ငံကူးလက်မှတ်လုပ်ရခက်ခဲနေတာဖြစ်ပြီး အခုလိုအခြေအနေတွေကြောင့် အလုပ်ရရှိဖို့ အရေးပေါ်လိုနေတဲ့ သူတွေဟာ တရားမဝင်လမ်းကြောင်းကတဆင့် ပြည်ပကိုသွားရောက် နေကြတာ တွေရှိနေတာလို့သိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
လုပ်ခလစာမပေးဘဲ အလုပ်ကနေထုတ်ပယ်လို့ အလုပ်သမားတွေအခက်တွေ့နေရ
Aug 25, 2025
Cover
Sunrise အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုတွေအပြင် နားရက်မရှိ လုပ်ကိုင်နေရ
Aug 24, 2025
Cover
LAT WAR (3) အထည်ချုပ် အချိန်ပို အလွန်အကျွံခေါ်၊ စစ်ဆေးရေးအဖွဲ့ ရုံးခန်းဝင်ပြီး ပြန်
Aug 23, 2025
Cover
Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ အလုပ်သမားများ အလုပ်ပျက်ဆိုပြီး အထုတ်ခံရ
Aug 23, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
SHWE MYINN ရေလျှော်စက်ရုံ အချိန်ပို ညလုံးပေါက် လုပ်ကိုင်ခိုင်း
Aug 22, 2025
Cover
Chi Mei အထည်ချုပ် အချိန်ပို အတင်းအကျပ် ခိုင်းစေ
Aug 22, 2025
Cover
Sky Fashion Myanmar လုပ်ခ လျှော့ပေးသည့်အပြင် လစာခွဲခြားပေး၊ အလုပ်ထုတ်
Aug 22, 2025