NEWS

ပြည်ပကိုသွားရောက်တဲ့ အလုပ်သမား ၅ သောင်းကျော်ရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား နှင့်အတူ အေဂျင်စီတွေကိုပါ ခေါ်ယူစစ်ဆေးမည်ဟုဆို

CoverLogo
359 Views

၂၀၂၄ ခုနှစ် မေလ ကနေ ဩဂုတ်လအထိ အေဂျင်စီ ကတစ်ဆင့် ပြည်ပကို တရားဝင်သွားရောက် ခဲ့တဲ့  အလုပ်သမား၅သောင်းကျော်ရဲ့ မိသားစုထံ လွှဲပို့ငွေ အထောက်အထားနဲ့အတူ  တစ်ရက်လျှင် အေဂျင်စီ ၅၀ ခု စီ ခေါ်ယူစစ်ဆေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်အသိပေးချက်အရသိရပါတယ်။

နိုင်ငံအလိုက် စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအထောက်အထား တင်ပြမှု စိစစ်ရေး လုပ်ငန်းစဉ်ကို လာမယ့် ဒီဇင်ဘာ၁၆ရက်  မှ စပြီး တစ်ရက်ကို အေဂျင်စီ ၅၀ခု နှုန်းနဲ့  အလုပ်သမားဝန်ကြီးဌာန ရန်ကုန်တိုင်းရုံး ကို မပျက်မကွက် လာရောက် တင်ပြဖို့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အကျိူးဆောင် လိုင်စင်ရအေဂျင်စီ တွေ ကို အသိပေးထားပါတယ်။

"မေလကနေဩဂုတ်အထိ ကိုယ့်အေဂျင်စီ က စေလွှတ်ခဲ့တဲ့ အလုပ်သမား ရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား ကို ယူပြီး တော့ ရှစ်မိုင်က ရန်ကုန်တိုင်း အလုပ်သမားရုံး ကို သွားရမှာပါ သူတို့ တင်ပြခိုင်းတဲ့ပမာဏ မပြည့်ရင်တော့ ဒဏ်ငွေ နဲ့ Demand အသစ် တင်ခွင့် ပိတ်မှာပေါ့ အခုက မိသားစု လွှဲပို့ငွေ အထောက်အထားမပြနိုင်လည်း ဒဏ်ရိုက်သလို လချုပ်စာရင်း အချိန်မှီ မပို့ရင်လည်း ဒဏ်ရိုက်တယ်"လို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မေလ ကနေ ဩဂုတ်လအထိ လုပ်သား  စေလွှတ်ခဲ့ တဲ့ အေဂျင်စီ ၄၂၉ ခု ရှိကာ ပြည်ပကို သွားရောက်တဲ့ အလုပ်သမား ၅၆၈၆၀ဦး ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွက် မိသားစုလွှဲပို့ငွေ လချုပ်စာရင်း မပို့တဲ့ အေဂျင်စီ ၁၁၈ ခု ရှိပြီး အချိန်မီ  မပို့ပါက ဒဏ်ကြေးငွေနဲ့ Demand  letter အသစ်တင်ပြခွင့် ပိတ်မှာဖြစ်သလို အောက်တိုဘာလ အတွက်ပါ စာရင်းမပို့ပါက ဒဏ်ကြေးငွေ ၂ဆ ပေးရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ များထံ အသိပေးထားပါတယ်။

 


Related posts

Cover
ကမ္ဘောဒီးယား လုပ်သား များနေရာ မြန်မာလုပ်သားများဖြင့် အစားထိုးရန် ထိုင်းပြင်ဆင်
Aug 04, 2025
Cover
ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် CI စင်တာ ၄ ခု ဖြင့် ဖွင့်လှစ်ဆောင်ရွက်ပေးမည်
Aug 04, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ အလုပ်လုပ်ခွင့်အတွက် အထောက်အထား(ဝေါ့ပါမစ်)ကို ဒစ်ဂျစ်တယ်စနစ်ဖြင့်ပြုလုပ်ပေးမည်
Aug 04, 2025
Cover
ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၂၀၀ ကျော်ကို စစ်ကောင်စီထံပြန်ပို့
Aug 01, 2025
Cover
မလေးရှားသွားမည့် မြန်မာလုပ်သား၄၀ ကျော် ထိုင်းတွင် အဖမ်းခံရ
Jul 30, 2025
Cover
ဂျပန်ရောက် မြန်မာတွေ ဆူနာမီသတိပေးချက်ကို အလေးထားနားစွင့်ဖို့ အသိပေး
Jul 30, 2025
Cover
ထိုးကြိတ်ခံရသည့် မြန်မာအလုပ်သမားကို ထိုင်းအမျိုးသားက ဘတ်ငါးသောင်းလျော်ကြေးပေးကာ ပြန်လည်တောင်းပန်သွားမည်ဟုဆို
Jul 30, 2025
Cover
ထိုးကြိတ်နှိပ်စက်ခံရသော မြန်မာနိုင်ငံသားအမှု M.H.A.C ကူညီပေးမည်
Jul 28, 2025