NEWS

ပြည်ပကို တရားမဝင် သွားရောက် မှုမြင့်တက်လာပြီး လုပ်ခနှုန်းထားတွေ ပိုမိုအနှိမ်ခံရနိုင်

CoverLogo
474 Views

စစ်ကောင်စီက ပြည်တွင်းအလုပ်သမားတွေ ပြည်ပထွက်ခွင့်အပေါ် တင်းကြပ်လာမှုကြောင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်မှု ပိုမိုများပြားလာသည်နှင့်အမျှ လုပ်ခနှုန်းထား ပိုမိုအနှိမ်ခံရနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဆိုပါတယ်။ 

"တရားမဝင်လုပ်သားတွေများလာလေလေ အလုပ်သမားများလွန်းပြီး  အလုပ်အကိုင်နည်းလာနိုင်တယ်။ နောက်ပြီး တရားမဝင်ဖြစ်လို့  ဖမ်းဆီးငွေညှစ်မှုတွေများလာနိုင်တယ်။ လစာမရတာတွေ လစာနည်းနည်းပဲပေးတာတွေလည်း များ လာနိုင်လို့ နေထိုင်စားသောက်ရေးခက်ခဲမယ်။  ခိုးမှုနှင့်လုယက်မှု များလာနိုင်တယ်" လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် ပြည်ပထွက်ခွာမှုတွေပိုမိုများပြားလာရာစစ်ကောင်စီက  ပြည်ပသို့ထွက်ခွာ အလုပ်လုပ်မည့် သူများအပေါ် တင်းကြပ်မှုများမှာ ပိုမိုဆိုးရွားလာသဖြင့် လူငယ်တွေကတရားဝင် MoU နည်းလမ်းကိုမသုံးတော့ဘဲ  တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ရန် နည်းလမ်းကိုသာ ရွေးချယ်ရတဲ့အခြေအနေဖြစ်လာတယ်လို့ သိရပါတယ်။ 

"အခုဒီအချိန်မှာ စစ်ကောင်စီက အလုပ်သမားတွေ တရားဝင်စနစ်ကိုတိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ထိန်းချုပ်ထားတယ်။ အဲ့တော့ တရားဝင်စနစ်ကို ထိန်းချုပ်လိုက်တော့ ကလေးတွေက တရားမဝင်တဲ့လမ်းကနေ ဝင်လာကြမှာပဲ။ ဒါကိုကျွန်တော်တို့က တရားမဝင်နဲ့ မလာပါနဲ့လို့မပြောချင်ဘူး။ သူတို့ရဲ့ဆုံးဖြတ်မှုနဲ့ သူတို့စွန့်စားမှုပဲ။ ပြည်တွင်းမှာကလည်း အလုပ်မရှိဘူး လုပ်ခလစာကမတိုးဘူး။ အခွင့်အလမ်းတွေမရှိတော့ဘူး ဒီ​ကြားထဲက စစ်မှုထမ်းရမယ်ဆိုတော့ လူငယ်တွေအားလုံးက ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဆုံးဖြတ်ကြပါလို့ပဲ ပြောလိုပါတယ်"  လို့ ထိုင်းအခြေစိုက် အလုပ်သမားရေးကူညီဆောင်ရွက်သူကဆိုပါတယ်။ 

အဲဒီလိုတရားမဝင်ဝင်ရောက်မှုများပြားလာတာကြောင့် အလုပ်ရရန်ခက်ခဲကာ အလုပ်အကိုင် ရှားပါးမှုကြောင့် စားဝတ်နေရေးခက်ခဲရာ  အခြေခံလုပ်ခနှုန်းထားအပြည့်ရရေးထက် အလုပ်ရရှိရေးကိုသာ အဓိက ဦးစားပေး ဖြေရှင်းနေကြခြင်းဖြစ်လို့ ထိုင်းလုပ်ငန်းရှင်တွေရဲ့ လုပ်ခလစာခေါင်းပုံဖြတ်ခြင်းနဲ့ လုပ်ခလစာအပြည့်အဝမရခြင်း၊ လုပ်ခလစာမပေးဘဲ ခိုင်းစေခြင်းတွေခံလာရတယ်လို့ သိရပါတယ်။ 

"အလုပ်သမားအရမ်းပေါလာတော့ စက်ရုံတွေမှာတောင် အခြေခံလစာအပြည့်မပေးဘဲခေါ်နေတာတွေရှိတယ်။ အလုပ်ရှားတော့လည်း သွားလုပ်ကြတယ်။ သူတို့အလုပ်ရှိမှ မဟုတ်ရင် စားဖို့နေဖို့ခက်ခဲမယ် ရဲဖမ်းခံရမယ်။ ပုံမှန်MoU တွေတောင် လစာအပြည့်မရတာ အခွင့်အရေးချိုးဖောက်ခံရတာတွေရှိနေသေးတာ တရားမဝင်ဆိုရင် အစစအရာရာအကုန်ခက်ခဲပါတယ် ပိုအနှိမ်ခံရပါတယ်" လို့ ထိုင်းရောက်မြန်မာအလုပ်သမားတစ်ဦးကဆိုပါတယ်။ 

လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်ရမဲ့  အသက်အရွယ်ကန့်သတ်ချက်​ကြောင့် တစ်ဖက်အလုပ်ရှင်များမှလည်း တရားဝင်လုပ်သား ခေါ်ယူမည် ဆိုပါက အသက်အရွယ်ရွေးချယ်ခေါ်ယူရန်  အဆင်မပြေမှုတွေ ဖြစ်လာပြီး အလွယ်တကူ တရားဝင် လုပ်သားခေါ်ယူ မရပါက တရားမဝင် လုပ်သားများအား အထောက်အထားများ ပြုလုပ်ပေးကာ တရားဝင်လုပ်သားအဖြစ်ခေါ်ယူလာနိုင်တယ်လို့လည်း သိရပါတယ်။ 

"အလုပ်သမားက လိုနေတာပဲ။ အလုပ်ရှင်တွေက တရားမဝင် အလုပ်သမားကို ခန့်မယ် ဆိုရင် ဥပေဒအရ အလုပ်ရှင်ကလည်း ပြဿနာရှိတယ်ဆိုတော့ အထောက်အထားတွေလုပ်ပေးတဲ့ အလုပ်ရှင်တွေလည်းရှိတယ်။ တရားဝင်လုပ်သားခေါ်ရတာကြာတာ မဖြစ်မနေလုပ်သားလိုအပ်လာရင်လည်း ဒီနည်းကိုသုံးလာနိုငိတာပဲ ခုလည်းတစ်ချို့အလုပ်ရှင်တွေရှိပါတယ်" လို့ ၎င်းကဆိုပါတယ်။ 

ပြည်ပထွက်ခွာမည့် လူငယ်များအား အသက်ကန့်သတ်ချက်ဖြင့် ထွက်ခွာစေခြင်း၊ PJ မှ PV သို့ ပြောင်းလဲမှုအား ပိတ်ပစ်ခြင်း၊ နိုင်ငံကူးလက်မှတ် အလည်အပတ် PV ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်မှုများကို ထိန်းချုပ်ရန် လုပ်ဆောင်နေခြင်းတို့ကြောင့် တရားမဝင် ဝင်ရောက်မှုပိုမိုများပြားလာတာဖြစ်ပါတယ်။


Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026