NEWS

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၄၇ ဦး ကို စစ်ကော်မရှင်ထံလွှဲပို့

CoverLogo
193 Views
 
ထိုင်းနိုင်ငံ အတွင်း အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံရကာ လွတ်ရက်စေ့ တဲ့ မြန်မာလုပ်သား ၄၇ ဦးကို နိုဝင်ဘာ ၅ရက် မနက်၁၁ နာရီ ခန့်ကထိုင်းအာဏာပိုင်တွေက စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများ ထံ လွှဲပြောင်းပေးခဲ့ကြောင်းရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
 
အမျိုးသား ၃၃ ဦးနဲ့အမျိုးသမီး ၁၄ ဦး စုစုပေါင်း မြန်မာလုပ်သား ၄၇ ဦးကိုရနောင်းဘက်ကနေ လှေဖြင့် ကော့သောင်းဘက်သို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ အောက်တိုဘာလ ကလည်း ပြစ်ဒဏ်ကျခံ ပြီးတဲ့ မြန်မာလုပ်သား ၉၀ဦးကို စစ်ကော်မရှင် ထံ လွှဲပို့ပေးခဲ့ပြီး နိုဝင်ဘာလ မှာ ထပ်မံလွှဲပို့ ပေးတာဖြစ်ပါတယ်။
 
အခုလို ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သားတွေကို စစ်ကော်မရှင်ထံ လွှဲပို့ ပေးရာမှာ လူငယ် အများစုမှာ စစ်မှုထမ်း ဖို့ အဓမ္မခေါ်ဆောင် ခံနေရပေမယ့် ထိုင်းအာဏာပိုင်တွေက လစဉ် ပြန်လည်လွှဲပို့ပေးရာ ၂၀၂၅ခုနှစ်အတွင်း ယခုအကြိမ်အပါအဝင် လူဦးရေ ၁၈၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။
 
ယခုနှစ်အတွင်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် ၂၉၂ ဦး၊ အောက်တိုဘာ ၉ရက်က ၉၀ဦး လွှဲပို့ပေးခဲ့ ပြီးဖြစ်တယ်လို့သိရပါတယ်။
 
ပြန်ပို့ခံရတဲ့ မြန်မာလုပ်သားတွေထဲက စစ်မှုထမ်းအကျုံးဝင်တဲ့အသက်အရွယ် ရှိ လူငယ်တွေကို မြိတ်ရှိစစ်သင်တန်းကျောင်းကိုပို့ဆောင်ခံရသူတွေရှိ သလို စစ်မှုမထမ်းစေလိုပါက မိသားစုဝင်တွေက ငွေကြေးများစွာပေးပြီး ရွေးထုတ်ရတာတွေ လည်း ရှိတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

Related posts

Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026
Cover
မြန်မာလုပ်သား ၃၁ဦးထံမှ သက်တမ်းတိုးခ ဘတ်၃သိန်းကျော် လိမ်သွားသည့် ပွဲစားကို အမှုဖွင့်
Feb 04, 2026